"က ကလေးဆီမှာ ဟုတ်လို့လား ကိုကိုလေးရဲ့ ဟုတ်လို့လား"

"ဟုတ်တယ်ကလေး ကိုယ်တို့မိဘတေဖြစ်တော့မယ်"

"အူးဝါး!!!"

ရုတ်တရက်ထငိုတဲ့ကလေးငယ်ကြောင့်တိမ်တိုက်လန့်သွားသည်။ဟုတ်သားပဲ သူကသာအရမ်းလိုချင်နေတာကလေးငယ်ကလိုချင်ပါ့မလား ဒီကိစ္စကလွယ်ကူတာမှမဟုတ်ပဲ။

*တောက်စ်!တိမ်တိုက် မင်းကသိပ်တကိုယ်ကောင်းဆန်တာပဲကွာ!*

"ကလေး ကိုယ်ကလေးလေး မငိုပါနဲ့ကွာ ကလေးမလိုချင်ရင်လေ ကိုယ်အတင်းမတောင်းဆိုပါဘူးကွာနော် ကလေးဖျက်ချချင်ရင်လဲရပါတယ်"

"အူးဝါး!!မကောင်းတဲ့လူကြီး!"

"ဟုတ်ပါတယ် ကိုယ်မကောင်းတာပါ ကိုယ့်အပြစ်ပါ ကလေးဆန္ဒကိုမမေးခဲ့မိဘူး ကိုယ်တို့ဆရာဝန်နဲ့သေချာတိုင်ပင်ပီးဖျက်ချကြမယ်နော်"

ခေါင်းလေးပုတ်ပေးကာနှိမ့်သိမ့်ပေးဖို့လုပ်ပေမယ့်သူလေးကလက်ကိုရိုက်ချပစ်ကာ...

"လာမထိနဲ့!လူယုတ်မာကြီး စားပီးနားမလည်တဲ့လူကြီး!လေပြည့်ရဲ့ကလေးကိုဘာလို့ဖျက်ချရမှာလဲ မဖျက်ချနိုင်ဘူး ခဗျားကြီးတာဝန်မယူလဲနေ!ကိုဝေယံတာဝန်ယူပေးလိမ့်မယ်"

"ဗျာ!!"

ဝေယံသွေးဆောင့်တက်ချင်သွားသည်။ဘယ်လိုလုပ် သူကပါလာရတာလဲ သူ့ဘာသာထိုင်နေတာလေ။တိမ်တိုက်လေပြည်ရဲ့စကားကြောင့်ဝေယံကိုကိုင်ပေါက်တော့မလိုကြည့်နေသည်။ဝေယံကတော့စိတ်ထဲမှာရှိသမျှဘုရားစားတေထိုင်ရွတ်နေရတော့တယ်။

ဆရာဝန်ဘီလိုက်ခ် -ကလေးအဖေကဘယ်သူလဲ😑

"ဆင်းမယ် ဒီအိမ်မှာမနေဘူး သူများကလေးကိုဖျက်ချမယ့်သူကြီးနဲ့မနေနိုင်ဘူး"

ကုန်းရုန်းထကာအိပ်ရာပေါ်ကဆင်းရန်လုပ်နေတဲ့ကလေးငယ်ကြောင့်တိမ်တိုက်ဆွဲဖက်ထားကာ..

"ကိုယ်တောင်းပန်ပါတယ် ကိုယ်ကအဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူးကွာ ကိုယ်ဘယ်လောက်ရင်သွေးလေးလိုချင်နေတာဆိုတာမင်းလေးမသိပါဘူး ဒါပေမယ့်ကလေးသာအလိုမရှိရင်ကိုယ်အဲ့ရင်သွေးကိုစွန့်လွှတ်ရဲပါတယ် ကိုယ့်အတွက်ကလေးရှိနေရင်ရပါပီကွာ"

Save Him(Completed)Where stories live. Discover now