Ep - 7 (Arc - 1.6 End)

Start from the beginning
                                    

ဖရက်ဒီ ဒန်နီရယ်ကိုဖက်ပြီးကိုယ်ကို
လှည့်လိုက်တော့ ဒူးလေးမှထွက်လာ
တဲ့အဆိပ်လူးမြှားတံဟာ
သူ့နှလုံးရှိရာကိုထုတ်ချင်းပေါက်
တိုးဝင်လာခဲ့တယ်...
လျက်တပြတ်အခြေနေမို့ဒန်နီရယ်
သူ့ကိုဖက်ကာနှုတ်ခမ်းပါးကနေ
သွေးတွေစီးကျနေတဲ့ဖရက်ဒီကို
ကြည့်ပြီးကျောက်ရုပ်ဖြစ်နေမိတယ်...

အသိဝင်လာချိန်မှာတော့သူရင်ခွင်ဆီကို
ဖရက်ဒီရဲ့ကိုယ်လေးဟာ လဲပြိုကျလာ
လေတယ်...
ဒန်နီရယ် ဖရက်ဒီကိုပွေးဖက်ထားရင်း
မျက်ရည်တွေစို့တက်လာခဲ့တယ်...

"ဖ ဖရက်..."

ဒူးလေးနဲ့ပစ်လိုက်တဲ့သူဟာလဲ
ကြောက်ကြောက်လန့်လန့်နဲ့
သူ့ဒူးလေးကိုကြမ်းပေါ်ပစ်ချပြီး...

"မဟုတ်ဘူး...ငါသတ်တာဒန်နီရယ့်ကို
လေ...အရှင်ဖရက်ဒ်ီကိုမဟုတ်ဘူး...
ငါသတ်တာချောကလက်သူခိုး...အစ်!!!"

အသိစိတ်ရဲ့ရဲ့လေးကျန်နေသေးတဲ့
ဖရက်ဒီဟာထိုစကားကိုကြားမိချိန်
အလျင်မြန်ပဲ ဘေးနားကမင်္ဂလာကိတ်
ခွဲတဲ့ဓားကိုလှမ်းဆွဲရင်
ထိုသူရဲ့ကိုပစ်လိုက်တာလည်ပင်း
တည့်တည့်ထိပြီးချက်ချင်းလည်ပင်းမှ
သွေးတွေပန်းထွက်ကာပစ်လဲသေဆုံး
သွားတော့တယ်...

ပြီးနောက်အားမရှိတော့တဲ့ခန္ဓာလေး
ကိုအနိုင်နိုင်ထိန်းချုပ်ရင်း
ဒန်နီရယ်ကိုပြုံးပြကာ...

"အရာ အားလုံးအတွက်ကျေးဇူးပါ
အစ်ကိုဒန်နီရယ်..."

"မဟုတ်ဘူးလေ...မင်းဘာစကားတွေ
ပြောနေတာလဲ...ဘာမှမပူနဲ့နော်
ဒီဒဏ်ရာကို ကိုယ်အမာရွတ်တောင်
မကျန်အောင်ကုသပေးမယ်..."

ဖရက်ဒီခေါင်းကိုအသာခါရမ်းပြရင်း...

"အဲ့လိုဖြစ်မလာနိုင်တော့ဘူးဆိုတာ
ကျွန်တော့်ကိုကျွန်တော်အသိဆုံးပါ..."

ပြီးနောက်၂ကိုယ်သားကြားယုံသာဖြင့်...

"အစ်ကိုကချောကလက်တွေခိုးယူတဲ့
သူဆိုတာဘယ်သူမှမသိပါစေနဲ့နော်...
အဟွတ်...အစ်ကို့ကိုကျွန်တော်
စိတ်ချချင်တယ်..."

နှုတ်ခမ်းပါးမှသွေးတွေဒလဟောစီးကျ
ကာ အားယူပြီးပြောနေရတာမို့
ဒန်နီရယ်ခေါင်းကိုအလျင်မြန်ငြိမ့်ပြ
လိုက်တယ်...
တစ်ခုခုပြောရန်နှုတ်ကိုဖွင့်ဟလိုက်ပေ
မဲ့လဲ...

Heart attack systemWhere stories live. Discover now