"ဒုန်း! ဒုန်း!"

ရိပေါ်လက်သီးလည်းစုတ်ပြတ်သတ်သွားတယ်။ ပြီးတော့ရိပေါ်ကရှောင်းကျန့်တို့ကိုတစ်ချက်မှမကြည့်တော့ဘဲတံခါးဖွင့်ကာလှည့်ထွက်သွားခဲ့တယ်။ လက်ဝါးတစ်ချက်၊လက်သီးတစ်လုံး၊လက်ကဒဏ်ရာ။ ရှောင်းကျန့်ပေးတဲ့ဒဏ်ရာ..သိပ်နာတယ်။ သူ့လက်ကဒဏ်ရာထက် ဟိုကောင့်ကိုကာကွယ်ပေးနေတာမြင်ရတာပိုပြီးနာတယ်။ တကယ်ဆိုသူဘာများလုပ်မိလို့လဲ..။ သူ့ကိုတစ်ချက်မှတောင်မယုံကြည်ပေးဘဲနဲ့ ဟိုကောင်နာကျင်သွားမှာစိုးလို့ရှောင်းကျန့်မျက်ရည်ဝဲနေတာကပိုပြီးနာကျင်ရတယ်။

ရှောင်းကျန့်..ခင်များသိပ်ရက်စက်တာဘဲဗျာ..။

ရိပေါ်ထွက်သွားတာနဲ့ရှောင်းကျန့်လည်းကြမ်းပြင်ပေါ်ဒူးထောက်ကျသွား၏။ မျက်ရည်တွေကလည်းတစ်တောက်တောက်ကြမ်းပြင်ပေါ်ကျလာတယ်။

"ရိရန် သူ..သူ.."

"ဝမ်ရိပေါ် နာကျင်သွားပုံဘဲ"

"ငါမရည်ရွယ် ဟီး"

ရှောင်းကျန့်ကသူ့အကျီသူဆုပ်ကိုင်ကာရင်ကွဲပက်လက်ငိုနေ၏။ သူလည်းရှောင်းကျန့်ကိုစိတ်မချလို့နေ့တစ်ပိုင်းခွင့်တင်ပြီးပြန်လာခဲ့တာ။ ပြန်ရောက်တော့သူများလင်မယားဘာဖြစ်နေမှန်းမသိဘဲရှောင်းကျန့်ဘက်ကဝင်ပါမိပြီးဝမ်ရိပေါ်ကိုတောင်ထိုးမိသွားတယ်။

"သူ သူ..ဟင့်"

သူသိပ်နာသွားရှာမှာ..။ ဝမ်ရိပေါ်သူ့ကိုမုန်းသွားလောက်ပါပြီ။ ဒါပေမယ့်ဒီရင်ဘက်ကြီးထဲကဘာလို့မခံစားနိုင်ရတာလဲ။ ဝမ်ရိပေါ်သူ့ကိုမုန်းသွားပြီလို့တွေးမိတော့ရင်ဘက်ထဲမှာအောင့်တက်လာတယ်။ ပြီးတော့သူ့သိပ်ချစ်ရတဲ့ပါးဖောင်းဖောင်းလေးကိုသူ့လက်နဲ့ကိုယ်တိုင်ရိုက်မိသွားပြီ။ ဒီ ဒီလက်နဲ့..။ ရှောင်းကျန့်ကဝမ်ရိပေါ်ကိုရိုက်မိတဲ့သူ့လက်သူကြည့်ပြီးလက်ကိုတင်းတင်းဆုပ်ထားလိုက်၏။

"ဉက္ကဌဝမ်"

"အိမ်ကိုမောင်း!"

"ဆေးရုံသွားဖို့လိုမယ်ထင်တယ်"

အတွင်းရေးမှူးကဝမ်ရိပေါ်လက်ကဒဏ်ရာကိုကြည့်ပြီးပြောလိုက်ပေမယ့်ဝမ်ရိပေါ်ရဲ့အေးစက်စက်အကြည့်ကိုသာရရှိသွား၏။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now