"အား! လွှတ်!
ငါ့ကိုလွှတ်စမ်း!"

"မလွှတ်နိုင်ဘူး"

"ဝမ်ရိပေါ်!! ငါပြန်မလိုက်နိုင်ဘူး"

"မလိုက်လည်းကိုယ့်မိန်းမကိုရတဲ့နည်းနဲ့ပြန်ခေါ်သွားရမှာဘဲ ဟိုကောင့်နောက်အပါမခံနိုင်ဘူး"

"ဝမ်ရိပေါ် မလိုက်ဘူးလို့ပြောနေတယ်"

ရှောင်းကျန့်ကရိပေါ်ကိုထုရင်းရိုက်ရင်းရိပေါ်ပုခုံးပေါ်ကအတင်းရုန်းကန်နေလို့ရိပေါ်ကရှောင်းကျန့်ကိုတင်းတင်းသာချုပ်ထားရ၏။

"ဟာ ရှောင်းကျန့်!"

"ရိရန် ငါ့ကိုကယ်ပါဦး!"

"ဝမ်ရိပေါ် မင်းသူ့ကိုလွှတ်လိုက်စမ်း!"

"မင်းဖယ်စမ်း!"

"သူ့ကိုချလိုက်"

"မင်းကိုဖုန်းဆက်တုန်းကရှောင်းကျန့်မရှိဘူးလို့လိမ်တယ်
သူ့မိသားစုဘယ်လောက်စိတ်ပူနေမလဲမင်းတွေးမိလား"

"ရိရန်နဲ့မဆိုင်ဘူး ငါပြောခိုင်းတာ"

"ခင်များသူ့ကိုကာကွယ်ပေးမနေနဲ့!"

"ဝမ်ရိပေါ် ရှောင်းကျန့်အေးဆေးအနားယူဖို့လိုတယ် သူ့ကိုလွှတ်လိုက်ပါ"

"ငါကဘာလို့မင်းစကားနားထောင်ရမှာလဲ"

ရိပေါ်ကရိရန်ကိုချိန်းခြောက်သလိုကြည့်လိုက်ရင်းတံခါးဝဆီကိုလျှောက်သွားခဲ့၏။ ရှောင်းကျန့်ကအော်ဟစ်နေသောကြောင့် ရိရန်ကမနေသာတော့ဘဲဝမ်ရိပေါ်ဆီကရှောင်းကျန့်ကိုအတင်းဆွဲချ၏။ ဝမ်ရိပေါ်ကမလွှတ်လိုဘဲရိရန်ကိုခြေနဲ့ကန်ပစ်တယ်။

"ခွပ်!!"

ရိရန်လက်သီးချက်ကြောင့်ရိပေါ်မျက်နှာကလည်ထွက်သွားပြီးရိပေါ်အားပျော့သွားတဲ့အချိန်အတွင်းရှောင်းကျန့်ကရိပေါ်အပေါ်ကခုန်ဆင်းလိုက်တယ်။

"ငါ-ိုး!"

"ဝမ်ရိပေါ်!! တော်လောက်ပြီ!"

ရိပေါ်က‌ရိရန်ကိုထိုးမလိုလုပ်တော့ရှောင်းကျန့်ကရိရန်အရှေ့ကဝင်လာရပ်ပစ်၏။ ရှောင်းကျန့်ကရုတ်တရတ်ကြားကိုဝင်လာတော့ရိပေါ်ကရှောင်းကျန့်ကိုထိသွားမှာကြောက်ပြီးသူ့လက်သီးသူပြန်သိမ်းကာဒေါသတွေကိုဘေးကတံခါးပေါ်ဘဲပုံချလိုက်သည်။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now