"ဝမ်ရိပေါ်ကငြိမ်ခံနေမှာတဲ့လား"

"သူကငါမရှိလည်းဖြစ်တယ် သူ.သူ.."

ရှောင်းကျန့်ကမျက်ရည်တွေပြန်ကျလာပြီးရင်ထဲမှာဆို့နေလို့တစ်ရှူးနဲ့မျက်ရည်တွေကိုပွတ်သုတ်ပစ်၏။ ဇာတ်ပို့ကအမြဲတမ်းဇာတ်ပို့ဘဲ...။ ဘယ်တော့မှအဓိကဇာတ်ဆောင်ကိုမယှဉ်နိုင်ဘူး။ လူတွေကသူအပိုတွေလုပ်နေတာလို့ထင်နိုင်တယ်။ ဒါပေမယ့်ရှောင်းပိုင်သူ့ဆီကိုရောက်လာပြီးချိန်းခြောက်သွားကတည်းကဒီနေ့လိုဖြစ်လာမှာသူတွေးကြောက်နေခဲ့တယ်။

ရှောင်းပိုင်ကသူပြောသလိုတကယ်လုပ်ခဲ့ရင်သူဝမ်ဝမ့်ကိုခေါ်ပြီးဒီနိုင်ငံကအပြီးထွက်သွားဖို့ပါကြိုတွေးထားပြီးသား။ သူရိပေါ်နဲ့မျက်နှာချင်းဆိုင်ပြီးထိပ်တိုက်ဖြေရှင်းဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး။ ရိပေါ်ကိုမကြည့်ချင်ဘူး။ ဒါပေမယ့်ရိပေါ်ကိုလည်းအပြစ်တင်လို့မရဘူးလေ။ ချစ်သူနှစ်ယောက်ကြားကလေးတစ်ယောက်နဲ့လာရှုပ်ခဲ့တာသူဘဲဖြစ်ခဲ့တာကိုး။

"ငါအကူညီတောင်းထားတဲ့ကိစ္စ.."

"ရှေ့နေတစ်ယောက်ကိုစီစဉ်ခိုင်းထားတယ်"

"ကျေးဇူးပါ"

"သူစိမ်းတွေလိုပြောမနေနဲ့"

ရိရန်ကပြောလည်းပြောရှောင်းကျန့်ကိုလည်းဆန်ပြုတ်တစ်ဇွန်းခပ်တိုက်၏။ ရှောင်းကျန့်ကလေးငါးဇွန်းသောက်ပြီးတာနဲ့ဆက်မသောက်လိုတော့။ ရိရန်ကလည်းရှောင်းကျန့်ကိုဆန်ပြုတ်တိုက်ပြီးတာနဲ့ဆေးရုံသွားဖို့ပြင်နေ၏။

"ငါလည်းအပြင်ခဏသွားမယ်"

"ဘာလုပ်မလို့လဲ"

"ဝယ်စရာရှိလို့"

"ငါဝယ်ခဲ့ပေးမယ်"

"ဒီနားကmini marketကိုသွားမှာ ဝယ်စရာလေးရှိလို့!"

"တစ်ခုခုဆိုငါ့ကိုဖုန်းဆက်ဖို့မမေ့နဲ့နော်"

"အင်းပါ ညနေအိမ်ပြန်လာရင်ကောင်းကောင်းမွန်မွန်ချက်ကျွေးမယ်"

"မလိုဘူး မင်းသာအပြည့်အဝနား"

ရိရန်ဆေးရုံသွားတာနဲ့ရှောင်းကျန့်ကရေချိုးပြီးအဝတ်အစားလဲလိုက်၏။ ဟူဒီပွပွတစ်ထည်နဲ့ဂျင်းpantကိုလဲပြီးတာနဲ့အနီးအနားကmini marketကိုထွက်လာခဲ့၏။ morning sickness ရနေတာရော၊ခံစားနေရတဲ့stressတွေကြောင့်လူကနုံးခွေနေ၏။ ဈေးဝယ်ပြီးရင်ဝမ်ဝမ့်ကိုခေါ်ဖို့သွားရမယ်..။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now