ဘင်း(Arc -7.3)

Start from the beginning
                                    

"ခန့်ချောကြီးမာမီရဲ့ သမီးကြိုက်တယ်"

"ဘာကြိုက်တာလဲ!အဲ့ကောင်ကရုပ်ပဲရှိတာ ရေမရှိဘူးဟဲ့ ဘာမှလုပ်စားလို့မရဘူး"

"လုပ်စားလို့ရမရ မာမီကဘယ်လိုလုပ်သိနိုင်မှာလဲ"

"ဒီကမြင်းမ!သွားစမ်း ငါ့ရှေ့ကသွားတော့!သွား!"

>>>>>>>>>

ဘင်းညအိပ်ရန်သူ့အတွက်စီစဉ်ထားပေးထားတဲ့ခြံနောက်ကကားဂိုထောင်ထဲတွင်စောင်နဲ့ခေါင်းအုံးများနေရာချနေသည်။ထိုအချိန်နားထဲတွင်ငိုသံသဲ့သဲ့လေးကိုကြားလိုက်ရတာကြောင့်အပြင်သို့ထွက်ကာအသံလာရာဆီသို့လိုက်ရာကြည့်မိသည်။အတော်ကြာရှာပီတော့မှဂိုထောင်နဲ့မလှမ်းမကမ်းကသစ်ပင်ကြီးအောက်တွင်အရိပ်သေးသေးလေးကိုတွေ့လိုက်ရသည်။ဘင်းထိုနားသို့သွားကာသေချာကြည့်မိတော့ဒူးလေးပိုက်ကာငိုနေသည့်လုံ။

"ဘာလုပ်နေတာလဲ"

"အမေ့!"

ဘင်းအသံကြောင့်လန့်သွားကာမျက်လုံးလေးပြူးကာလှည့်ကြည့်တော့ဘင်းအသည်းယားကာတစ်ချက်ရယ်လိုက်မိသည်။

"မအိပ်သေးပဲ ဘာလို့ဒီမှာလာငိုနေတာလဲ"

"ဟင့် မမလေးဒေါင်းကရိုက်လိုက်လို့"

"ဘာလိုရိုက်တာလဲ"

"သူ့အကျင်္ီကိုမီးပူတိုက်ပေးတာမပြန့်လို့တဲ့ ဟင့် အားသွင်းကြိုးနဲ့လက်ကိုရိုက်တာ"

အမှန်ပင်သူလေးလက်နှစ်ဖယ်လုံးမှာအရှိုးရာများအထပ်ထပ်နဲ့။ဘင်းဂရုဏာသက်သွားကာတဆက်ထဲသူ့ရဲ့နှလုံးသားကနာကျင်လာသည်။ဒီကောင်လေးနဲ့တွေ့တိုင်းသူ့ခံစားချက်ကတမျိုးကြီးပင်။

"နာနေလား?"

"နာတာပေါ့လို့ ငိုလဲမငိုရဲဘူး မမလေးဒေါင်းကသူရိုက်နေရင်းမျက်ရည်ကျရင်စိတ်ဆိုးတယ် အဲ့အခါဆိုရိုက်တာမပီးတော့ဘူး"

"အဲ့တာကြောင့်ဒီအထိလာပုန်းငိုနေတာလား"

"အင်း"

<Zawgyi>
"ဒါကဘယ္ကျပန္လာတာလဲ"

"သူငယ်ချင်းတေနဲ့shoppingထွက်တာ"

Save Him(Completed)Where stories live. Discover now