"အမလေး ငါ့မြေး! ငါ့မြေးလေးအေးနေတော့မှာဘဲ
နွေးသွားအောင်ကော်ဖီသောက်မလား"

"ကော်ဖီသောက်လို့အရဘူး
ဝမ်ကသုံးနှစ်တောင်အပြည့်သေးဘူး"

"အော် အင်းပါ
ဘွားဘွားအမှားပါ"

ဝမ်ဝမ်ကဒီတစ်ခါတော့သွက်သွက်လက်လက်ရှိမနေဘဲမေးမှပြန်ဖြေသည်။ ဒါပေမယ့်လူကြီးတစ်ယောက်ကကလေးတစ်ယောက်ကိုမလှည့်စားနိုင်ရိုးထုံးစံမရှိဘူးလေ။ သေချာပေါက်ဒေါ်မုန့်ရွှီလိုလူစားမျိုးကကလေးတစ်ယောက်ကသူမကိုချစ်ခင်ယုံကြည်လာအောင်လုပ်နိုင်တာပေါ့..

"သကြားလုံးထပ်လိုချင်သေးလား"

"ဟင့်အင်း ဟင့်အင်း"

"ဟား ဟား ဘာတွေအကြောက်အကန်ငြင်းနေရတာလဲကွာ"

"သကြားလုံးအစားတော့ဘူး"

"အပြင်ကနို့အရသာနဲ့ အထဲကချောကလက်အနှစ်နဲ့လေ
မြေးမစားဘူးဆိုတော့တခြားတစ်ယောက်ကိုပေးပစ်ရမှာပေါ့
ရွှတ် ရွှတ်!..
ဟေ့ ကလေးလေး
သကြားလုံးလာစားပါဦး"

ဒေါ်မုန့်ရွှီကသကြားလုံးအဆုပ်လိုက်ကိုကွင်းထဲမှာကစားနေတဲ့ကလေးတစ်ယောက်ကိုခေါ်ပြီးကျွေးလိုက်တော့ဝမ်ဝမ်မျက်နှာလေးကညှိုးသွားပြီးလက်လေးတွေကအချင်းချင်းကုတ်ခြစ်ကုန်၏။ ‌ဒေါ်မုန့်ရွှီကဝမ်ဝမ့်ကိုကြည့်ပြီးမဲ့ပြုံးပြုံးလိုက်ရင်းဆက်ပြောသည်။ သကြားလုံးမကြိုက်တဲ့ကလေးမရှိဘူးလေ။ အိမ်ကသကြားလုံးမကျွေးတဲ့ကလေးတွေကတခြားကလေး‌တွေထက်သကြားလုံးပိုမက်တယ်..။

"ဘွားဘွားတစ်ခုပြောပြရမလား"

ဝမ်ဝမ်ကလျှာရည်ကိုပြန်မြိုချလိုက်ပြီးခေါင်းညိတ်၏။

"ဝမ်ရိပေါ်ကမြေးဒက်ဒီအစစ်လို့ထင်လား"

"ဝမ်ဝမ့်ဒက်ဒီကဘာဖြစ်လို့လဲ"

"တကယ်တော့ဝမ်ရိပေါ်ကမြေးဒက်ဒီအရင်းမဟုတ်ဘူး"

"ဟုတ်ဘူး ဟုတ်ဘူး
ဘွားဘွားလျှောက်ပြောနေတာ!"

"ဘွားဘွားကလျှောက်ပြောနေတာဖြစ်ပါ့မလား
မြေးပါးပါးကလူရှုပ်တစ်ယောက်လေ
ဘယ်သူနဲ့ရလာမှန်းမသိတဲ့ကလေးကိုဝမ်ရိပေါ်ကိုတာဝန်ယူခိုင်းခဲ့တာ"

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now