ရှားချွမ်(Arc -6.7)(end)

Start from the beginning
                                    

>>>>>>>>>>

ရှားချွမ်တစ်ယောက် ကုတင်ထောင့်လေးမှာဒူးလေးပိုက်ပီးအသံတိတ်မျက်ရည်လေးတေစီးကျနေတဲ့ချင်းရန်ကြောင့်တိုင်နဲ့ခေါင်းနဲ့သာပြေးဆောင့်ချင်လာသည်။

"ကလေးရယ် မငိုပါနဲ့တော့ကွာ မျက်လုံးတေနာကုန်တော့မှာပဲ"

"......"

ဘာမှလဲပြန်မပြောလှည့်တောင်ကြည့်မလာပဲငိုမြဲငိုနေဆဲပင်။အော်ဟစ်ကာသူ့ကိုလာရိုက်နှက်ရင်တော်သေး အခုဟာက ဘာမှမပြောပဲငိုတာတောင်အသံမထွက်အောင်ကြိတ်ငိုရင်း မျက်ရည်သာအဆင်မပြတ်စီးကျနေတာမို့ကိုယ့်ပါးသာကိုယ်ပြန်ရိုက်နေမိတော့သည်။

"ကဲပါ ကိုယ်ဝတ်မယ်နော်ဟုတ်ပီလား"

"တကယ်လား"

"အင်းတကယ် မငိုနဲ့တော့နော်"

"ဟုတ်"

......

"ဟေ့ကောင်!ရှားချွမ် ဒါကဘာလိုဖြစ်တာတုန်း"

ဗလတေမှအားမနာဗိုက်ဖုံးအင်္ကျီကြီးဝတ်လို့ဆင်းလာတဲ့သားဖြစ်သူကြောင့်ရွှယ့်ချွမ်သွေးအန်ချင်နေပီ။

"ကျနော်ဝတ်ခိုင်းတာ ပါး"

လှေကားပေါ်ကနေဖြည်းဖြည်းချင်းဆင်းလာတဲ့ဗိုက်ကြီးသည်လေးကရှားချွမ်နဲ့ဆင်တူဗိုက်ဖုံးအကျင်္ီလေးဝတ်လို့..။

အင်းပြသနာကအဲ့တာပင် ကိုယ်ဝန်ရှိနေတဲ့သူလေးကအရင်ကထပ်ပိုကလေးဆန်လာတယ်။လိုချင်တာမရရင်မျက်ရည်ကကျလာရော။ခုလဲပန်းခြံကိုလမ်းလျှောက်ထွက်မလို့သူနဲ့ဆင်တူဗိုက်ဖုံးအကျင်္ီဝတ်ခိုင်းလေရဲ့။မဝတ်ဘူးဆိုတော့ ငိုရော။အဲ့တော့လဲသူလေးမျက်ရည်တေကိုခံနိုင်ရည်မရှိတဲ့ကိုယ်ကလိုက်လျောရတာပေါ့။

"အမလေးမူးလိုက်တာ စွေ့ရေ သံပုရည်လေးလုပ်ပါအုံး"

သွေးတက်သွားတဲ့အဖေဖြစ်သူကိုကျောခိုင်းလို့ချစ်ရသူနဲ့ဆင်တူဗိုက်ဖုံးအကျင်္ီလေးဝတ်ကာလမ်းလျှောက်ထွက်လေတဲ့alphaရယ်ပါ။ချစ်တော့လဲ.......................။

>>>>>>>>>♥<<<<<<<<<<

<Zawgyi>
ပြတင်းပေါက်ကနေဝင်လာတဲ့နေရောင်ကြောင့်ရှားချွမ်နိုးလာသည်။ရင်ခွင်ထဲကအကောင်ပေါက်လေးကတော့အသက်ရှူသံမှန်မှန်လေးနဲ့အိပ်ပျော်လို့နေသည်။

Save Him(Completed)Where stories live. Discover now