ရှီးပိုင်ချန်းကရပ်လိုက်ပြီး ဘဏ်ကတ်ကိုအကြိမ်ကြိမ်အခါခါလှန်ကြည့်ပြီး "မီမီ"

[အင်း။ကျွန်မပဲလေ။]

မီလီလှည့်ကြည့်လိုက်တော့ သူတို့ကကားအရောင်းဆိုင်မှာရှိနေတာကိုတွေ့လိုက်ရတယ်။

[ရှင်ကားအသစ်ဝယ်ခဲ့တာလား။]

“ဟုတ်တယ်။”

ရှီးပိုင်ချန်းသည်ငွေရောင်ကားတစ်စီးရှေ့ကိုလျှောက်သွားပြီး တံခါးကိုဖွင့်ကာအထဲသို့ဝင်ထိုင်လိုက်သည်။

[ရှင့်မှာကားကရှိပြီးသားမဟုတ်ဘူးလား။]

“အဲ့ကားကအရင်တုန်းက မတော်တဆမှုတစ်ခုဖြစ်ဖူးတယ်။ပြန်ပြင်ထားတာတောင်အရင်ကလိုသိပ်မကောင်းတော့လို့အသစ်တစ်စီးပဲထပ်ဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။”

ရှီးပိုင်ချန်းကဘဏ်ကတ်ကို လေကာမှန်မှာတင်ထားပြီး ထိုင်ခုံခါးပတ်ကိုပတ်ကာကားစက်ကိုစတင်နိုးလိုက်သည်။

သူဌေးတွေကတကယ်ပဲ ရူးကြောင်ကြောင်နိုင်တာပဲ။ သူမသည်စိတ်ထဲငြူစူနေရာကနေဒီတိုင်းထားလိုက်ပြီးသူ့အား အစားအသောက်ပို့ထားပေးတဲ့အကြောင်းပြောမလို့ပြင်ပြီးမှပါးစပ်ကိုအမြန်ပြန်ပိတ်လိုက်သည်။ကမ္ဘာတစ်ခုကပစ္စည်းများကိုအခြားကမ္ဘာတစ်ခုသို့တကယ်ပဲအမြန်‌ချောပို့သမားတွေကပို့ပေးနိုင်မှာသေချာလို့လား။ပါဆယ်ထုပ်ကိုမပို့ခင်ကတည်း ကသူမဆီပြန်ရောက်လာမယ်ဆိုတာစိတ်ကကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။

[လူအိုကြီးပိုင်၊ဝတ္ထုတွေရေးတာ ကပိုက်ဆံတွေအများကြီးရတာလား။]

အိမ်ကြီးမှာနေထိုင်နိုင်သလိုဇိမ်ခံကားတွေကိုလည်းဝယ်စီးနိုင်တဲ့အတွက်ဒီကမ္ဘာကစာရေးသူတွေကဒီလိုမျိုးသုံးဖြုန်းနိုင်ကြတာလား။

“အဆင်ပြေပါတယ်။”

ရှီးပိုင်ချန်းကအကျယ်ချဲ့ပြီးမပြောပဲစကားလုံးနှစ်လုံးသာ ပြန်ပြောခဲ့သည်။

[ကျွန်မလည်းငွေရှာဖို့အတွက်သင့်တော်တဲ့အလုပ်တစ်ခုခုရှာသင့်လား။] မီလီကသူမကိုယ်သူ မစူးစမ်းလိုက်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now