ရှားချွမ်(Arc -6.4)

Start from the beginning
                                    

မျက်လုံးမှတ်ပြကာထွက်သွားတဲရှင်းရိအားသူတကယ်ပင်လည်ပင်းပြေးညစ်ချင်နေသည်။ခနလောက်သည်းခံကာဟန်ပြနေပေးပီးပြန်မယ်လုပ်တော့..

"မောင်ရင်!ပြန်တော့မလို့လားကွဲ!"

"အာ ဟုတ်ကဲ့ဦးလေးထိုက်ရိ"

"အယ် အစောကြီးရှိသေးတာကို နေပါအုံးလား"

"မနေတော့ပါဘူးဗျာ ခေါင်းလေးနည်းနည်းနောက်လာလို့"

"ဒါဆိုလဲ ဂုဏ်ပြုဝိုင်လေးသောက်သွားပါအုံး"

ကမ်းပေးလာတဲ့ဝိုင်ခွက်ကိုငြင်းချင်ပေမယ့်လဲ အရစ်ရှည်နေမှာဆိုးတာကြောင့်ဘာမှပြောမနေတော့ပဲ ယူသောက်လိုက်တော့သည်။

"ခွင့်ပြုပါအုံး"

ကလောင်...

ရုတ်တရက်ဖုန်းသို့ဝင်လာတဲ့mrgကြောင့်ဖွင့်ကြည့်လိုက်တော့ရှင်းရိဆီက...

#ချင်းရန်ကျမလက်ထဲမှာ#

"ဘာ!မဖြစ်နိုင်တာ"

ရှားချွမ်စိတ်ပူသွားကာချင်းရန်အားဖုန်းဆက်ပေမယ့်လဲမကိုင်တာကြောင့်စိုးရိမ်စိတ်ကမြင့်တက်လာသည်။

"တောက်စ်!"

ရှားချွမ်အလျင်စလိုအပေါ်ထပ်သို့တက်ကာရှာတော့သည်။သူမသိလိုက်တာက ချင်းရန်ကဖုန်းကိုအသံပိတ်ရင်းအိပ်နေတာကိုပင်။

အပေါ်ထပ်မှအခန်းတစ်ခုချင်းစီတိုင်းကိုဖွင့်ကြည့်ရင်းရှာဖွေနေရာမှအခန်းတစ်ခုသို့အရောက် နှာခေါင်းထဲသို့ဝင်လာတဲ့နှင်းဆီနံ့ဟော်မုန်းတေကြောင့် ပျို့တက်သွားတော့သည်။

"ထင်ထားတာထပ်စောသားပဲ"

"မင်း!ချင်းရန်ဘယ်မှာလဲအခုထုတ်ပေးစမ်း!"

"သူ့ဘာသာအိမ်မှာရှိနေမှာပေါ့ ကျမကဘယ်သိမလဲ"

"ဘာ!"

"ဟား ဟား ရှင်ကကျမပြောတာယုံသွားတာလား မထင်ခဲ့ဘူး သူကရှင့်အတွက်အရေးပါပုံရတယ်"

"တောက်စ်!!"

ရှားချွမ်ပြန်ထွက်သွားဖို့လုပ်ပေမယ့်ခန္တာကိုယ်တစ်ခုလုံးပူလောင်လာကာ ရှင်းရိဆီမှခပ်အီအီရနံ့တေကြောင့်မျက်လုံးတေပါပြာကုန်သည်။

Save Him(Completed)Where stories live. Discover now