ရှားချွမ်(Arc -6.1)

Start from the beginning
                                    

"မင်း!မင်း!"

"ဟုတ်တယ်ကျနော်ပါ အင်းး အသက်ကြီးတော့မှတ်ဉာဏ်တေပျောက်ကုန်ပီးကျနော့်ကိုပါမေ့တော့မလို့လား"

"ဟေ့ကောင်!ဒီမှာ ငါအသက်မကြီးကြောင်းမင်းကိုညီ၊ညီမလေးတေထပ်မွေးပေးပီးသက်သေပြလို့ရတယ်ရှင်းလား!!"

"ဟာ အကို ဘာတေပြောနေမှန်းမသိဘူး"

စွေ့ဟုန်မှာရှက်ကိုးရှက်ကန်းဖြင့်မနက်စာတောင်ဆက်မစားနိုင်တော့ပဲထွက်ပြေးသွားရသည်။

"စွေ့ စွေ့ ဟာကွာ မင်းတော်တော်ဂြိုမွှေတဲ့ကောင်ပဲ!"

"ဘာလဲ ဒယ်ဒီ့ဘာသာရှေ့မကြည့်နောက်မကြည့်ပြောပီးတော့"

ရွှယ့်ချွမ်လဲမနိုင်တော့တဲ့အဆုံးမုန့်ပန်းကန်ကိုသာသယ်ပီးသူ့ဇနီးနောက်ပြေးလိုက်ရတော့သည်။ထို့ကြောင့် စားပွဲတွင်ရှားချွမ်တို့နှစ်ယောက်သာကျန်နေခဲ့သည်။

"ကိုကိုလေး ကျနော်ဗိုက်ဝပါပီ ကိုကိုလေးခုထိဘာမှမစားရသးဘူးရော စားလိုက်ပါတော့"

"အား လက်ညောင်းလိုက်တာ လက်ကလှုပ်တောင်မလှုပ်ချင်တော့ဘူး ဗိုက်ကလဲဆာလာပီ ဘယ်လိုလုပ်ရပါ့"

တကယ်ညောင်းနေဟန်ဖြင့်မျက်နှာကမဲ့ရွဲ့နေတာကြောင့်...

"ကျနော်ခွံ့ကျွေးပါ့မယ်"

ရှားချွမ်တစ်ယောက်ချင်းရန်ခွံကျွေးသမျှကိုမိန့်မိန့်ကြီးထိုင်စားကာတချက်ချက်အကျင့်ကယုတ်သေးသည်။

"ကိတ်လေးခ့ွံ ဇွန်းမသုံးနဲ့လက်နဲ့ခွံ့ပေး"

အလိုကျအတိုင်းကိတ်မုန့်ကိုလက်လေးနဲ့ယူကာပါးစပ်နားတေ့ပေးတော့ကိတ်မုန့်ကိုစားသလိုနဲ့သူ့လက်ကိုပါလာလာလျက်နေတာကြောင့်...

"ကိုကိုလေး လက် လက်ကို.."

"လက်မှာ ခရင်မ်တေကျန်နေတယ်လေ နှမြောဖို့ကောင်းတာကို ထပ်ကျွေးအုံး"

ဒါနဲ့ပဲကိတ်မုန့်တစ်ခုလုံးကိုညစ်တီးညစ်ပတ်နည်းနဲ့ကုန်အောင်စားခဲ့လေရဲ့။

<Zawgyi>
မနက်၌....

"သားငယ် ရှားချွမ်ရောမထသေးဘူးလား"

Save Him(Completed)Where stories live. Discover now