ရှားချွမ်(Arc -6)

Start from the beginning
                                    

"ရှား ရှားချွမ်!"

"တောင်းပန်ပါတယ် ဒယ်ဒီနဲ့လဲကွာရှင်းစရာမလိုပါဘူး ကျနော်လိမ်မာမှာမို့လို့ မားကအခွင့်ရေးထပ်ပေးပါ"

"ဟေ့ကောင်ရှားချွမ်!မင်းဘာတေထပ်ကြံနေတာလဲ!"

"ဒယ်ဒီကဗျာ ကျနော်မလိမ်မာတော့အပြစ်တင်တယ် အခုလိမ်မာဖို့လုပ်တော့လဲမေးခွန်းထုတ်နေတယ် ဒယ်ဒီကရောမားနဲ့ကွာချင်လို့လား"

"မကွာဘူး!"

"ကျေးဇူးပြုပီး မား"

ရှားချွမ်ကတောင်းပန်နေတော့သူမလဲစိတ်ပျော့လာပေမယ့်မယုံကြည်ရဲဖြစ်နေတာကြောင့်...

"ငါရွှယ့်ချွမ် သစ္စာဆိုတယ် မင်းသားငယ်ကိုနောက်တစ်ခါထပ်နှိပ်ဆက်ခဲ့ရင် ငါကိုယ်တိုင်သတ်ပစ်မယ်!"

"အဲ့လိုမဖြစ်လာစေရဘူး!"

>>>>>>

ပြသနာဖြေရှင်းလို့ပီးတော့ရှားချွမ်ရေခဲထည့်ထားတဲ့ခွက်ကိုယူကာအခန်းထဲပြန်ဝင်လာသည်။ကုတင်ပေါ်တွင်အိပ်နေတဲ့ကောင်လေးကမျက်လေးပွင့်နေပီး ခနမှိန်းနေဟန်။ရှားချွမ်ဝင်လာတာလဲတွေ့ရောပြာပြာသလဲကုန်းထကာ...

"အကို!ကျ ကျနော်.."

"သက်သာလား?"

"ဗျာ?"

"နေလို့မကောင်းတဲ့နေရာရှိရင်ပြော"

"မ မရှိပါဘူး"

ရှားချွမ်ကချင်းရန်ရဲ့ပါးပြင်ကအနီကွက်လေးကိုလက်နဲ့ပွတ်လိုက်တော့...

"အ!"

"နာတယ်မလား"

"ဟုတ် နည်းနည်းပါ"

ရှားချွမ်ထိုင်နေရာမှထကာအသင့်ယူလာတဲ့ရေခဲလေးတေကိုပုဝါလေးထဲထည့်ကာထိုဒဏ်ရာလေးအားကပ်ပေးလိုက်သည်။

"ကျနော်ကိုယ့်ဘာသာပဲလုပ်လိုက်ပါ့မယ်ဗျ"

"ငြိမ်ငြိမ်နေ!"

"ဟုတ်"

"တောင်းပန်ပါတယ် အရာအားလုံးအတွက်"

"ဗျာ!!"

"နောက်ဘယ်တော့မှကလေးကိုထိခိုက်အောင်မလုပ်တော့ဘူးလို့ကတိပေးတယ်"

Save Him(Completed)Where stories live. Discover now