"ပါးပါး သားဝပီ"

"စားမကောင်းဘူးလား"

"ကောင်းတယ် ဝမ်ဝမ်ကစာလုပ်ရဦးမာမို့"

ထူးထူးဆန်းဆန်းသားဖြစ်သူကစာလုပ်မယ်ဆိုတော့ရှောင်းကျန့်ကမျက်ခုံးပင့်လိုက်၏။

"ရှောင်းကျန့် ဟင်းထည့်ပေးဦး"

"ဒါလား"

"ခရမ်းသီးကြော်ချက်"

ခရမ်းသီးကိုသူမကြိုက်ပေမယ့်ရိပေါ်ကြိုက်လို့ရှောင်းကျန့်ကအမြဲချက်ဖြစ်သည်။ ခရမ်းသီးထဲမှာအသားထည့်ပြီးအပြင်ကနူးညံ့နေအောင်ကြော်ထားကာခရမ်းရောင်လည်းမပျက်စေရ။ ရိပေါ်ကတော်တော်ဆိုးပါတယ်။ ကိုယ့်ဘာကိုယ်ထည့်စားလို့ရရက်နဲ့သူထည့်ပေးမှစားတယ်၊ ရိပေါ်မစားလို့မပြီးသေးခင်လည်းသူထလို့မရ။ သူချက်ထားတာတွေကိုရိပေါ်အားရပါးရစားတော့လည်းသူကျေနပ်ရသည်။ ရိပေါ်က gymလည်းဆော့ပြီးအစားလည်းကောင်းကောင်းစားတော့ခန္ဓာကိုယ်ကအရင်နှစ်တွေတုန်းကထက်ထွားကျိုင်းလာသည်။

ဒက်ဒီနဲ့ပါးပါးထမင်းစားနေတုန်းဝမ်ဝမ်ကမသိမသာသူ့အခန်းထဲပြေးတက်လာခဲ့သည်။ အခန်းထဲရောက်တော့ခြေထောက်တိုတိုလေးတွေနဲ့ကုတင်ပေါ်ချိတ်တက်လိုက်ပြီးလွယ်အိတ်ထဲကချိုချဉ်ကိုနှိုက်လိုက်၏။ ပြီးမှအခွံခွာပြီးပါးစပ်ထဲထိုးထည့်လိုက်တယ်..။ ချိုချဉ်ခွံကိုပါးပါးမြင်သွားမှာစိုးလို့ဝမ်ဝမ်ကအိမ်သာထဲသွားပြီးရေဆွဲချလိုက်၏။ ဒါမျိုးတွေဝမ်ဝမ်ကျွမ်းနေပြီ..။

ခွမ်း!

ရှောင်းကျန့်ကပန်းကန်တွေဆေးနေတုန်းမူးခနဲဖြစ်သွားလို့လက်ထဲကပန်းကန်ပြားကကြမ်းပေါ်ကျပြီးအစိတ်စိတ်အမွှာမွှာကွဲသွားခဲ့သည်။ ရှောင်းကျန့်လည်းမူးနေလို့ဘေစင်ပေါ်လက်ထောက်ထားလိုက်ရ၏။ ရိပေါ်ကTVကြည့်နေတုန်းကွဲကျသံကြားလို့ထမင်းချက်ခန်းထဲကိုအမြန်ပြေးလာခဲ့တယ်..

"ဘာဖြစ်တာလဲ"

"မူးတယ် ရိပေါ်"

ရိပေါ်ကရှောင်းကျန့်တစ်ကိုယ်လုံးကိုစွေ့ခနဲကောက်ချီပစ်လိုက်တော့ရှောင်းကျန့်ကအရုပ်လေးတစ်ရုပ်လိုရိပေါ်သယ်ဆောင်ရာကိုပါလာခဲ့၏။ သူလည်းမူးနေလို့ရိပေါ်ရင်ဘက်ပေါ်အသာလေးမှီတွယ်ထားခဲ့တယ်။ အခုတလောမူးလိုက်၊အန်လိုက်ဖြစ်နေလို့ကိုယ့်ကိုယ်ကိုမသင်္ကာတော့။ အိမ်မှာဆီးစစ်တံအလွယ်တကူမရှိလို့ဆေးရုံရောက်မှစစ်လိုက်တော့မယ်..။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now