"ဟုတ်ယား"

"အင်း ဝမ်ဝမ်လိမ်လိမ်မာမာနေနေသရွေ့ပေါ့"

ပထမနေ့မှာတော့ဒေါ်မုန့်ရွှီကကလေးနဲ့ရင်းနှီးဖို့ကြိုးစားကြည့်တယ်။ နောက်နေ့ဖြည်းဖြည်းချင်း brainwash လုပ်ပြီးကောင်ဆိုးလေးဖြစ်အောင်လုပ်ပေးရမှာပေါ့။ ဒေါ်မုန့်ရွှီကအိတ်ထဲကချိုချဉ်တွေထုတ်ပြီးဝမ်ဝမ့်ကိုပေးလိုက်တော့ဝမ်ဝမ့်မျက်လုံးလေးတွေလက်ခနဲဖြစ်သွားတယ်။ ကလေးကချိုချဉ်ကြိုက်တာဘဲ..

"ဝမ်ဝမ့်စားဖို့.."

"ဝမ်ဝမ့်အတွက်?"

ဝမ်ဝမ်ကပျော်ပျော်ရွှင်ရွှင်နဲ့တစ်လုံးကောက်ယူပစ်တယ်။

"တစ်လုံးဘဲစားမှာလား"

"သကြားလုံးအများရီးစားရင်သွားပိုးပေါက်စားမာ"

"မစားပါဘူး သားကြိုက်သလောက်စားလို့တယ်
သားပါးပါးကသကြားလုံးစားတာမကြိုက်ဘူးလား ကလေးကိုအလိုမလိုက်ဘူးဘဲ
ဒါဆိုလည်းအခုတစ်လုံးစား ညနေတစ်လုံးစား
ကျန်တာတွေကိုနောက်နေ့စားဖို့ဝှက်ထားလိုက်ပေါ့"

ဝမ်ဝမ်ကနောက်ဆုံးသကြားလုံးအားလုံးယူသွားခဲ့တယ်။ မူကြိုဆရာမလာခေါ်တော့ဒေါ်မုန့်ရွှီကဝမ်ဝမ်လေးကိုနှုတ်ဆက်လိုက်တယ်။

"ဘွားဘွားလာတာပါးပါးမသိစေနဲ့ဦးနော်"

"ဘာလို့လဲဟင်"

"ပါးပါးနဲ့ဘွားဘွားကသိပ်အဆင်မပြေကြသေးဘူး"

"ဝမ်အပြောပါဘူး"

"ဘွားဘွားနောက်လည်းလာခဲ့ဦးမယ်ကွယ်"

"ဟုတ်"

"ကျောင်းဆင်းချိန်နီးနေပြီ
ကလေးကိုပြန်ပို့မှဖြစ်တော့မယ်"

"နောက်လည်းဆရာမကိုဘဲအားကိုးရတော့မှာဘဲ ဟင်း ဟင်း"

"က‌လေးကိုမထိခိုက်သရွေ့ ကျွန်‌မတို့နှစ်ဦးနှစ်ဖက်အဆင်ပြေသရွှေ့ပေါ့ရှင်"

"ဒါပေါ့"

ဝမ်ဝမ်ကပါးပါးလာကြိုတော့သူ့လွယ်အိတ်လေးကိုမသိမသာစမ်းလိုက်မိသည်။ ပါးပါးမသိလောက်ပါဘူးနော်..။ ညစာစားတော့ဝမ်ဝမ်ကထမင်းကိုသိပ်မထိ။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now