"ကျွန်တော့်ကိုဘာလို့စိတ်ကောက်နေတာလဲပြော"

"ဟင့်အင်း ကိုယ်စိတ်ကောက်နေတာမဟုတ်ဘူး"

"ဒါဆိုဘာဖြစ်နေတာလဲပွင့်ပွင့်လင်းလင်းပြောစမ်းပါ!"

"လူစာဖတ်နေတာကိုဘယ်လိုဖြစ်နေတာလဲ!"

"အော် ခင်များကကျုပ်ထက်အဲ့စာအုပ်ကိုပိုအာရုံစိုက်ရဲတယ်ပေါ့!"

"စာမေးပွဲဝင်ဖြေမှာ မအိပ်နိုင်သေးဘူး
လူကိုလာမနှောင့်ယှက်နဲ့"

"ကဲကွာ!"

ဖြောင်း!!

ရိပေါ်ကရှောင်းကျန့်လက်ထဲကစာအုပ်ကိုဆွဲပြီးအောက်ကိုပစ်ချပစ်၏။ အားနဲ့ပြုတ်ကျသံကြောင့်ရှောင်းကျန့်တစ်ကိုယ်လုံးတုန်ရင်လာပြီးမျက်ရည်တွေဝိုင်းလာခဲ့သည်။

"မင်း! မင်း.."

"ကျုပ်ထက်ဘယ်အရာကိုမှအာရုံမစိုက်ရဘူး"

"ဟင့် ဖယ်လွှတ်!"

ရိပေါ်ကရှောင်းကျန့်တစ်ကိုယ်လုံးကိုကောက်ပွေ့ပစ်တော့ရှောင်းကျန့်ကရိပေါ်လက်ထဲကအတင်းရုန်း၏။ လူကိုဆိုအားသုံးမယ်ဆိုတာကြီးဘဲ။ ရိပေါ်ကသူ့ကိုဘယ်တုန်းကမှမလေးစားဘူး။ သူ့ဆုံးဖြတ်ချက်ကိုအလေးမထားဘူး..။

"အိမ်ရောက်ကတည်းကကြည့်နေတာ
ညစာစားတော့လည်းအတူမစားဘူး
အိပ်တော့မယ်ဆိုလည်းခင်များကစာကြည့်ခန်းထဲမှာ
ကျွန်တော့်ကိုဘာတွေစိတ်ကောက်နေတာလဲပြောစမ်းပါ"

"ကိုယ့်အကြောင်းကိုယ်သိ.."

"ခင်များအပြုအမူတွေအေးစက်နေလို့ကျွန်တော်ဘယ်လောက်ထိခံရခက်နေလဲသိလား
ကျွန်တော်ခင်များကိုဘာလုပ်မိလဲလို့
မနက်တုန်းကလည်းအကောင်းကြီး"

ရိပေါ်လေသံကသိသိသာသာကိုပျော့ပြောင်းနေကာနူးညံ့ညင်သာမှုတွေအပြည့်။ ရိပေါ်ကချော့ချော့မောမောပြောနေတော့ရှောင်းကျန့်ကလည်းရုန်းကန်မှုတွေရပ်သွားသည်။ သူရိပေါ်ဆီကနူးညံ့မှုကိုဘယ်လောက်ထိမျှော်လင့်ခဲ့ရလဲ..။

"သတင်းတွေ့လိုက်တယ်!"

ရိပေါ်ကသူတို့အခန်းတံခါးကိုခြေနဲ့တွန်းဖွင့်လိုက်ရင်းရှောင်းကျန့်ကိုသူတို့နှစ်ယောက်ရဲ့ကုတင်ဆီသယ်ယူခဲ့၏။ ကုတင်ပေါ်မှာသူလူးလိမ့်ထားလို့အိပ်ရာခင်းကတွန့်ကျေနေတာမြင်လို့မကောင်း။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now