ဖီးလစ်(Arc -5.3)

Start from the beginning
                                    

"ရင်းမိဘတေကဆုံးသွားပီ"

"အာ sry ငါမသိလိုက်လို့"

"ရပါတယ်ဗျ"

ဖီးလစ်ထိုဂူကိုစူးစမ်းရင်းလျှောက်ကြည့်နေသည်။ဂူးအတွင်းတွင်ရေပူစမ်းလေးလဲရှိနေသလို အိပ်ရာနဲ့ အပြင်ဆင်တေကလဲကျကျနနပင်။

"ကလေး"

"ဗျ ဗျာ ကျနော့်ကိုခေါ်တာလား"

ခုနကနေသန်နဲတုန်းကလိုမဟုတ်ဘူး သူ့ကိုစကားပြန်ပြောတဲ့ပုံကရှိန်နေပုံရသည်။

"ကလေး ကိုယ့်ကိုမရှိန်ပါနဲ့ လွှတ်လွှတ်လပ်လပ်ပြောပါနေသန်လိုမျိုး"

"ဟုတ်"

"ကလေးဒီမှာနေတာကြာပီလား"

"ဟုတ် 18နှစ်ရှိပီ ဖေဖေကရင်းကိုဒီကနေမထွက်ဖို့သူမသေခင်သေချာမှာသွားတာ"

စိတ်မကောင်းဟန်ဖြစ်သွားတဲ့မာရင်းကြောင့်ဖီးလစ်လဲထပ်မမေးတော့။

"ဟို ဒီကအကိုတို့ကဘယ်သွားကြမလို့လဲဟင်"

"အာ ကိုယ်တို့ကဒီအနီးနားကမြို့မှာစစ်တိုက်ပီးပြန်လာတာ"

"အော် ပင်ပန်းနေမှာပဲနော် ဒီမှာနားလို့ရပါတယ်ဗျ"

"အဲ့လိုလုပ်မလား ကိုယ်တို့ဒီမှာတည်းလို့ရမလား"

"ရတာပေါ့ ရင်းလဲတစ်ယောက်ထဲပဲနေနေရတော့ပျင်းနေတာ ဟီးး အကိုတို့ရှိတော့ပိုကောင်းတာပေါ့"

"ကဲ ကဲစကားကောင်းနေတာခုထိမိတ်မဆက်ရသေးဘူး အကို့နာမည်ကနေသန် ဒီကစစ်သူကြီးကဖီးလစ်"

"ကျနော်ကမာရင်းပါ"

>>>>>>>

at night....

ဖီးလစ်နဲ့နေသန်ကဂူထဲတွင်မြက်ခြောက်တစ်ချို့ကိုခင်းကာအိပ်ရာအဖြစ်ပြုလုပ်လိုက်ပီးအိပ်စက်အနားယူလိုက်သည်။ညသန်းခေါင်ရောက်တော့ ဖီးလစ်ရဲ့နားထဲတွင်ညဉ်းသံတစ်ချို့ကိုကြားလိုက်ရသည်။ဖီးလစ်လဲမျက်လုံးဖွင့်ကာထထိုင်လိုက်သည်။ထို့နောက်အရင်ဆုံးကြည့်မိသည်ကမားရင်းရဲ့အိပ်ရာလေးပင်။အိပ်ရာလေးဟာလူသူကင်းမဲနေတာကြောင့်ဖီးလစ်စိတ်ပူသွားတော့တယ်။

Save Him(Completed)Where stories live. Discover now