ဖီးလစ်(Arc -5.1)

Start from the beginning
                                    

"မင်းတို့ပြောနေတဲ့မကောင်းဆိုးဝါးကဒီတောထဲကိုလာသမျှလူတိုင်းကိုသတ်စားနေတာဆို ဒါဆိုဘာလို့သူမကခုထိအသက်ရှင်နေတာလဲ ဟမ်?"

ဖီးလစ်ကခပ်ထေ့ထေ့သာမေးလိုက်တယ်...

"ဘာ ဘာလိုဆို ကျွန်မရဲ့မိဘတေကသူတော်စင်တေလေ သူတို့ကကျွန်မကိုမကောင်းဆိုးဝါးရန်ကနေလွတ်မြောက်အောင်လုပ်ပေးခဲ့တာ"

"အော်..."

'ဒီကမိန်းမလှလေးနာမည်ကဘယ်လိုခေါ်လဲ'

"အစ္စဘယ်ပါ"

'အို နာမည်လဲလှသလိုလူလဲလှတယ်ကွာ'

*အဲ့လောက်ဖွန်ကြောင်မှအစားခံရတာမဆန်းပါဘူး*

ဖီးလစ်စိတ်ထဲကနေသာရည်ရွတ်လိုက်တယ်။

"မင်းပြောလို့ပီးရင်ရှေ့ကဖယ်!"

"ဟို စစ်သူကြီးတို့ကိုကျွန်မထမင်းဖိတ်ကျွေးချင်လို့ပါ"

"မလိုဘူး ဖယ်!"

'စစ်သူကြီး ကျွန်တော်တို့လိုက်သွားရအောင်ဗျာ မိန်းမလှလေးကခေါ်နေတာကို'

"သွားချင်ရင်မင်းတို့ဘာသာလိုက်သွား ငါမလိုက်နိုင်ဘူး အေး ပီးမှတော့နောင်တမရကျနဲ့ ငါနဲ့ဘယ်သူလိုက်မလဲ"

"ကျနော်လိုက်မယ်"

နေသန်ကလွဲရင်ဘယ်သူမှခွန်းတုန့်မပြန်တာကြောင့်ဖီးလစ်နေသန်ကိုခေါ်ကာထိုနေရာမှထွက်လာလိုက်သည်။သူ့အနေနဲ့လူတိုင်းကိုလိုက်ကယ်မနေနိုင်ဘူး လူတိုင်းကသူ့ကလေးမှမဟုတ်တာ။တနှာကြီးလွန်းတဲ့သူတို့တေကိုတားလဲလက်မခံမှန်းခံလိုဘာမှကိုပြောမနေတော့တာ။ကိုယ့်ထိုက်နဲ့ကိုယ့်ကံသာခံစေတော့တယ်။

ဖီးလစ်တော့တောလယ်ရောက်တော့မကြာပါဘူး အော်သံတေကဗြောင်းဆန်ထွက်ကာတော့တစ်ခုလုံးဟိန်းထွက်လာသည်။

*ဟူးး*

ဖီးလစ်တိတ်တဆိတ်သက်ပြင်းချကာရှေ့ကရေကန်ဆီသို့သွားကာမျက်နှာအားသန့်စင်နေလိုက်သည်။ထိုအချိန်..

"စစ်သူကြီး!သတိထား!"

<Zawgyi>
ဖီးလစ်အော်လိုက်တော့ထိုလူကဘာမှပြန်မပြောတော့ပေမယ့်မကျေမနပ်ဖြစ်နေတာကတော့ သူ့မျက်နှာမှာအထင်းသားပေါ်နေတယ်။

Save Him(Completed)Where stories live. Discover now