Chapter 5.2 (U/Z)

Start from the beginning
                                    

မီလီ၏မျက်လုံးများအ‌ရောင်တောက်ပလာပြီး

"အခုပြောနေတာက လူအိုကြီးပိုင်လား?"

[ဘယ်သူ…မင်း…]

တစ်ဖက်လူရဲ့အသံကို ရှင်းရှင်းလင်းလင်းမကြားရတဲ့နောက်ဘာမှမပြောပဲငြိမ်နေလိုက်တယ်။

"ဟယ်လို?"

မီလီကအသံထွက်ပြီး ကြိမ်ဖန်များစွာအော်လိုက်သော်လည်းတုံ့ပြန်မှုမရှိခဲ့ပေ။ ခဏအကြာတွင်ဖုန်းခေါ်ဆိုမှု သည်အလိုအလျောက်ပြီးဆုံးသွားသည်။

မီလီအကြိမ်ပေါင်းများစွာဖုန်းခေါ်ဆိုသော်လည်း မအောင်မြင်ခဲ့ပေ။သူမသည်ဖုန်းကိုအကြာကြီးစိုက်ကြည့်ရင်းတစ်ဖက်လူဆီစာတိုတစ်စောင်ပို့လိုက်သည်။

[လောင်ပိုင်၊ခုစာပို့တာက မီမီပါ။]

မိနစ်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်တွင်လည်းတုံ့ပြန်မှုမရှိသောကြောင့်သူမလက်လျှော့လိုက်သည်။ဖုန်းကို စားပွဲပေါ်တင်ကာလက်ကိုပြန်ဆေးပြီးထမင်းစစားလိုက်သည်။

ညစာစားပြီးနောက်မီလီသည် ရှော့ပင်းမောလ်သို့သွားကာ အလှကုန်ကောင်တာအမျိုးမျိုးကိုလှည့်လည်ကြည့်ရှုခဲ့သည်။ သူမသည်ရေမွှေးတစ်ဒါဇင်ကျော်ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခဲ့ပြီး နောက်ဆုံးတွင် Adidas Passion တစ်ပုလင်းကို ၈၉၈ယွမ်ဖြင့်ဝယ်ယူခဲ့သည်။

အဲဒီညအိပ်ရာဝင်ချိန်မှာတော့ ခေါင်းအုံးပေါ်တွင်ရေမွှေးအချို့ကိုဖြန်းပြီးမွှေးရနံ့များစွာခြံရံကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

[လောင်ပိုင်၊ခုစာပို့တာက မီမီပါ။]

သူမသိတဲ့နံပါတ်တစ်ခုမှ စာသားတစ်ခုကိုမြင်လိုက်ရသောအခါ ရှီးပိုင်ချန်းရဲ့ပထမဆုံးတုံ့ပြန်မှုကတော့

"မင်း မိုဘိုင်းလ်ဖုန်းဖြစ်သွားပြန်ပြီလား။"

ဖုန်းကဒီတိုင်းပဲအသံတိတ်ငြိမ်သက်နေသည်။

အချိန်အတော်ကြာအောင် တုံ့ပြန်မှုမရှိသောကြောင့် ရှီးပိုင်ချန်းကသူ့လက်ချောင်းများကို ရွှေ့ကာစာသားဖြင့်ထပ်ပြောလိုက်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now