𝟭𝟯. 𝗨𝗻𝗹𝘂𝗰𝗸𝘆 𝗡𝘂𝗺𝗯𝗲𝗿

117 19 0
                                    

၁၃။ ကံမကောင်းတဲ့ နံပါတ်




လေပြင်းတိုက်တဲ့ ပြတင်းပေါက်လေးဟာ ငြိမ်သက်စွာ စေ့ပိတ်ထားလျက်ရှိပြီး ခန်းဆီးလိုက်ကာအထူမှာလည်း လှုပ်ယှက်ခြင်းမရှိ တည်ငြိမ်နေလေသည်။ လေဝင်လေထွက်မရှိတော့တဲ့ အခန်းထဲမှာ ကျယ်လောင်တဲ့ အသက်ရှုသံတွေသာ ကြီးစိုးနေသည်။ ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သူ့ကို ရင်ခွင်ထဲထည့်ပြီး ဖက်တွယ်ထားခဲ့တဲ့ မင်ဟျောင်းရဲ့ လက်လေးတွေဟာ ကျောကုန်းပေါ်မှာ နေရာယူကာ ခပ်ဖွဖွ ပွတ်သပ်ပေးနေ၏။

လွန်ခဲ့တဲ့ မိနစ်အနည်းငယ်လောက်က အော်သံတစ်ခုကိုကြားလို့ အခန်းတံခါးကို မရမကဆွဲဖွင့်ပြီး ဝင်လာတဲ့အခါ ကြမ်းပြင်ထက်မှာ အရုပ်ကြိုးပျက်လဲကျနေတဲ့ ဆရာဖြစ်သူအား တွေ့ခဲ့ရသည်။ ပြေးလွှားထားရသကဲ့သို့ မောဟိုက်နေပြီး ချွေးစေးများထွက်ကာ အသက်လုရှုနေရတဲ့ ယုတပုံစံကြောင့် စိုးရိမ်တကြီး ပြေးထူပြီး ကုတင်ပေါ် တွဲတင်ပေးခဲ့ရသည်။ အိပ်မွေ့ချခံထားရသလို လက်တွေ့ကမ္ဘာထဲ မရောက်နိုင်ပဲ တစ်ယောက်တည်း မျက်ဖြူဆိုက်ပြီး ကြောက်အားလန့်အားဖြစ်နေတဲ့ ယုတကို ကလေးများသဖွယ် ချော့မြူကာ ကယ်တင်ပေးခဲ့ရသည်။

အတန်ကြာမှ အသိစိတ်ပြန်ဝင်ကာ ပြင်းထန်တဲ့ အသက်ရှုသံတွေနဲ့ သူ့ရင်ခွင်ထဲမှာ ငြိမ်ငြိမ်သက်သက်လေး မှေးစက်နေလေ၏။ တိတ်ဆိတ်တဲ့ အခန်းထဲမှာ လူနှစ်ယောက်ရဲ့ အသက်ရှုသံတွေကသာ ကျယ်လောင်နေခဲ့ပြီး ပွေ့ဖက်ထားကြတဲ့ ခန္ဓာကိုယ်နှစ်ခုဟာတော့ နွေးထွေးနေကြလေသည်။

"မကြောက်နဲ့တော့နော်.. ကျွန်တော်ရှိတယ်.."

ကောင်လေးက သူ့ကို ချော့ပြောကာ ကျောကုန်းလေးကို ပွတ်သပ်ပေးနေရာက ဆံနွယ်များဆီကို တိုးဖွလာလေသည်။ နောက်ပြီး ချွေးစိုနေတဲ့ နဖူးပြင်ပေါ်ကို သူ့လက်ချောင်းလေးတွေ ဆိုက်ရောက်ကာ တုန်ယင်နေတဲ့ မျက်လုံးတွေအား စိုက်ကြည့်သည်။ ချွေးစတစ်ချို့ကို လက်ချောင်းငယ်လေးများနဲ့ သုတ်ပေးလျက် ပါးပြင်တစ်လျှောက်ကို နူးညံ့ကြင်နာစွာ ကိုင်တွယ်ထားလေသည်။

သူ့အားပြုံးစွာကြည့်နေလျက် နှစ်လိုဖွယ်အပြုံးနဲ့ ကြောက်လန့်ခြင်းတရားများအား ကွယ်ပျောက်အောင် ချော့ပြောပေးနေရှာသော ကောင်ငယ်လေးအား အားကိုးတကြီး ကြည့်နေမိတဲ့ ယုတမျက်ဝန်းအိမ်တွေဟာလည်း တဖြည်းဖြည်း ငြိမ်သက်လာရလေသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now