𝟰. 𝗧𝗵𝗲 𝗪𝗵𝗶𝘁𝗲 𝗖𝗮𝘁

156 25 3
                                    

၄။ အဖြူရောင် ကြောင်လေး




ခြေဖျား​လေးထောက်ပြီး လည်ပင်းပေါ် လာပတ်ပေးတဲ့ မာဖလာလေးထက် အဲ့ဒီ မာဖလာထူထူလေးကို သေချာဂရုတစိုက် စည်းပတ်ပေးနေတဲ့ ကောင်လေးကြောင့် သာမာန်ထက် အနွေးဓာတ်တွေက သူ့နှလုံးသားထဲမှာ လှိုက်တက်လို့နေသည်။ နှုတ်ခမ်းလေး ချွန်ပြီး လူကြီးပေါက်စလေးလို ပွစိပွစိ ပြောနေပြန်တဲ့ ကျောင်းသားလေးက အေးနေရဲ့နဲ့ ခေါင်းမာနေတယ်ဟုဆိုကာ လေအေးတွေ နေရာယူနေတဲ့ သူ့လည်ပင်းသားဖွေးဖွေးထက်ကို ထူထဲတဲ့ မာဖလာလေးနဲ့ ပတ်ပေးပြီး ထောက်ထားသော ခြေဖျားလေးကို ပြန်ချလိုက်သည်။

ထိုအခိုက်အတန့်လေးမှာ မာဖလာဆီက လာတဲ့ နွေးထွေးမှုကြောင့်ပဲလားတော့ မသိပေမယ့် ဂရုစိုက်ခံရတယ်ဆိုတဲ့ ခံစားချက်လေးကို ဖြစ်တည်စေတဲ့ ကျောင်းသားကောင်လေးကို ကြည့်ပြီး အေးစက်စက် ခန္ဓာကိုယ်တင်မကပဲ အသည်းနှလုံးထဲထိပါ နွေးထွေးသွားတဲ့ ခံစားချက်လေးကို ရလိုက်သည်။ အထီးကျန်ဆန်လွန်းတဲ့ ငြီးငွေ့စရာ ဘဝကြီးမှာ နေသားကျစွာ နေထိုင်နေရတဲ့ ဒီကောင်လေးကို သူ့ရဲ့ နွေးထွေးတဲ့ နှလုံးသားနဲ့ လွှမ်းခြုံပေးချင်လာတဲ့ ခံစားချက်လေးကိုလည်း ရရှိလိုက်သည်။

အဲ့ဒီနွေးထွေးမှုတွေကို ပေါက်ဖွားစေခဲ့တဲ့ ဒီကလေးကို သူပေးလို့ ဖြစ်တည်လာတဲ့ ခပ်နွေးနွေးနှလုံးသားလေးနဲ့ပဲ သူ့ရဲ့ အေးစက်အထီးကျန်တဲ့ ဘဝကြီးကို ဖြည့်စွက်ပေးချင်လာသည်။

မာဖလာပတ်ပေးပြီးနောက်မှာ ငေးကြည့်နေမိတဲ့ ရုပ်ပုံကားချပ်လေးဟာ အရှေ့ကို ဆက်သွားကာ ခပ်ဖြည်းဖြည်း လမ်းလျှောက်လို့နေသည်။ ငေးမောနေခဲ့ရလို့ သူတို့ လာတဲ့ ရည်ရွယ်ချက်ကိုပင် မေ့ပျောက်သွားရသည်အထိ။

"ဆရာ လာလေ.. ဘာလုပ်နေတာလဲ"

"ဪ.. အင်း.. လာပြီ.."

ညစာစားပြီးလို့ လမ်းလျှောက်ကြဖို့ ခြံထဲ ဆင်းလာကြတဲ့ ရည်ရွယ်ချက်လေးကို ကောင်လေးရဲ့ မာဖလာပတ်ပေးမှုအောက်မှာတင် အတိတ်မေ့သွားရသလို။ အဲ့ဒီအချိန်ခဏလေးအတွင်းမှာ ငြိမ်သက်စွာနဲ့ ညှို့ယူခံလိုက်ရသလို သူ့အား ငေးကြည့်နေခဲ့မိသည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now