𝟭𝟬. 𝗛𝗶𝗱𝗲 𝗮𝗻𝗱 𝗦𝗲𝗲𝗸

144 24 3
                                    

၁၀။ တူတူပုန်းတမ်း



လေသာဆောင်မှာ လေနုအေးလေးများဟာ တဟူးဟူး တိုက်ခတ်လျက်ရှိနေပြီး အဖြူရောင်လိုက်ကာစလေးမှာ လေလာရာ ယိမ်းနွဲ့နေကြသည်။ အခန်းထဲမှာ အပ်ကျသံတောင် မကြားရတဲ့ထိ တိတ်ဆိတ်နေပြီး လူနှစ်ယောက်ရဲ့ ရင်ခုန်သံတွေကတော့ ကျယ်လောင်နေမှာ သေချာသည်။ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရလို့ ထိတ်လန့်သွားတဲ့ ဆရာကို တပည့်လေး မင်ဟျောင်းက စိတ်ငြိမ်အောင် ဖြေသိမ့်ပေးရင်း အနားကပ်လာကာ ချွတ်ထားသော မျက်မှန်အား ပြန်တပ်ပေးခဲ့သည်။

ဖြည်းညင်းစွာ တိုးကပ်လာတဲ့ မျက်နှာနှစ်ခုဟာ ထိကပ်ခါနီးမှာ မင်ဟျောင်းက သူ့နှုတ်ခမ်းနှစ်လွှာပေါ်အား စုပ်ယူနမ်းရှိုက်ခဲ့သည်။ သူမြင်ခဲ့ရတဲ့ အရာတွေထက် ထိတ်လန့်စရာကောင်းပြီး တုန်လှုပ်စရာ ကောင်းလှတဲ့ အမူအရာကို အတားအဆီးမရှိ လေတစ်ဝှေ့အတွင်းမှာတင် ပြုလုပ်သွားခဲ့တဲ့ တပည့်ကြောင့် ယုတ ရင်ခုန်သံတွေ မြင့်တက်လာရသည်။ မျက်လုံးများ ပြူးကျယ်ကာ သူ့နှုတ်ခမ်းကို အပိုင်ယူထားတဲ့ မင်ဟျောင်းရဲ့ မျက်နှာအနီးကပ်ကို ကြည့်နေမိသည်။

တဒိန်းဒိန်းတုန်လှုပ်နေတဲ့ ရင်ဘတ်တစ်စုံလုံးမှာ ငလျင်လှုပ်သကဲ့သို့ ပုံပျက်ပန်းပျက်ဖြစ်နေလေပြီ။ နှုတ်ခမ်းကို ထိကပ်ထားရုံမဟုတ်ပဲ သူ့အပိုင်တစ်ခုလို စုပ်ယူသိမ်းပိုက်နေမှုကြီးက သူ့နှလုံးခုန်သံများကို ပြောင်းဆန်စေသည်။ ကောင်လေးက သူ့ခေါင်းလေးကို တိမ်းညွတ်ပြီး တစ်ဖက်သို့စောင်းကာ နှုတ်ခမ်းပေါ်က အထိအတွေ့များကို နေရာပြောင်းယူသိမ်းပိုက်နေမှုကြောင့် ပြူးကျယ်နေသော ယုတ မျက်လုံးတွေလည်း တဖြည်းဖြည်း ပိတ်ကျလာခဲ့သည်။ သူကိုယ်တိုင်ပိတ်လိုက်တာမဟုတ်ပေမယ့် သူကိုယ်တိုင်ကပဲ အလိုတူအလိုပါ မှိတ်ကျသွားခဲ့သလို မျက်ခွံတွေဟာ အလိုအလျောက် ပိတ်ကျသွားခဲ့သည်။

မင်ဟျောင်းရဲ့ အနမ်းကြောင့် သူ့စိတ်သူတောင် လွတ်ထွက်သွားသည်အထိ ခန္ဓာကိုယ်က တုံ့ပြန်နေမိသည်။ လက်နှစ်ဖက်လုံးဟာ ပေါင်ပေါ်မှာပဲ တင်ထားလျက် မလှုပ်မယှက်ရှိနေရာက ကြာလာတော့ အကြောတွေ ဆိုင်းလာသကဲ့သို့ပင် တောင့်တင်းလာသည်။ နောက်ပြီး တစ်ကိုယ်လုံး ပူလောင်လာသလို စိတ်တွေလှုပ်ရှားလာပြီး နားထင်သွေးကြောများ တဒုန်းဒုန်း လှုပ်ခတ်နေသည်။ သွေးမြင်တိုင်း ကြောက်တတ်တဲ့သူမဟုတ်ပေမယ့် စားပွဲအောက်က ထွက်လာတဲ့ သွေးတွေကိုမြင်ပြီး ထိတ်လန့်ထားရတဲ့အခံရှိနေတော့ နှစ်သိမ့်ပေးတဲ့ ကောင်လေးရဲ့ အသားယူမှုမှာလည်း ထပ်ပြီး အထိတ်တလန့် ဖြစ်ခဲ့ရပြန်သည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now