"မနေ့ကနင့်ယောက်ျားအိမ်ပြန်အိပ်လား"

"မအိပ်ဘူးလေ သူငယ်ချင်းတွေနဲ့ဆုံတုန်းဟိုတယ်မှာဘဲအိပ်လိုက်တာတဲ့
ဘာဖြစ်လို့လဲကျဲ"

"လိုင်းပေါ်သာတက်ကြည့်တော့
Hot search 10ထဲမှာနင့်ယောက်ျားသတင်းတက်နေတယ်"

ရှောင်းကျန့်ကမြန်မြန်ဘဲလိုင်းဖွင့်ပြီးweiboထဲဝင်ကြည့်လိုက်၏။ hot search 10ထဲမှာရှောင်းပိုင်နဲ့ဝမ်ရိပေါ်တွဲပြီးhotelထဲဝင်သွားတဲ့ပုံကိုတိတိကျကျဖော်ပြထားသည်။ 'ရှောင်းပိုင်ရဲ့စပွန်ဆာ''ဝမ်ရိပေါ်နဲ့ရှောင်းပိုင်တွဲနေတာလား'ဆိုတဲ့ခေါင်းစဉ်တွေနဲ့လူကြိုက်များအောင်အမျိုးမျိုးရေးသားထားကြသည်။ ရှောင်းပိုင်ကဘယ်လောက်ဘဲmaskတပ်ထားတယ်ဆိုဆိုရှောင်းပိုင်ကိုမီဒီယာကအလွယ်တကူမှတ်မိနိုင်သည်။

ပြီးတော့ဝမ်ရိပေါ်ကရော..။ သူငယ်ချင်းတွေနဲ့သောက်နေတယ်ဆိုပြီးဘာလို့ရှောင်းပိုင်နဲ့နှစ်ယောက်တည်းဟိုတယ်ကိုရောက်သွားကြတာလဲ..။ သူကပိန်းလို့၊လိမ်လို့ကောင်းတယ်ဆိုပြီးသူ့ကိုကစားနေတာလား။ ရှောင်းကျန့်ကcmtတွေဖတ်ရင်းဖတ်ရင်းမျက်နှာကပျက်သထက်ပျက်လာခဲ့သည်။

"ရှောင်းပိုင်ကို'ငါတို့သူငယ်ချင်း'ဇာတ်ကားမှာကတည်းကသဘောကျခဲ့တာ
သူကဖြတ်လျှောက်လေးဆိုပေမယ့်ချစ်ဖို့ကောင်းလွန်းတယ်လေ
ဒါပေမယ့်သူ့ကိုရင်နာနာနဲ့ဘဲစွန့်လွှတ်ရတော့မယ်
ဉက္ကဌဝမ်ကအကောင်းဆုံးဘဲလေ"

"ငါက'ရင်ခုန်သံအရင်းနှီးဆုံး'ကတတိယဇာတ်ပို့နှစ်ယောက်ကိုshipနေတာလေ
အခုတော့ငါတို့ စုန့်ရှောင်းcpကသွားပြီတဲ့လား ဝူးဝူး"

"ဝမ်ရိပေါ်က suger daddyကြီး
ရှောင်းပိုင်ကအလှလေး ငါတော့fictionရေးပြီဟယ်"

ရှောင်းကျန့်ကlikeတွေအများကြီးရထားတဲ့cmtတွေကိုဖတ်ရင်းဖတ်ရင်းစိတ်ကသိသိသာသာကိုထိုးကျသွားခဲ့တယ်။ ရင်ထဲမှာဆို့နေလို့ဘာပြောရမယ်မှန်းမသိတော့ဘူး။ ရှောင်းပိုင်ကသူ့ကိုပြောခဲ့သလိုလုပ်လိုက်ပြီလား။ ဝမ်ရိပေါ်လည်းမနေ့ညကတည်းကဖုန်းဆက်လို့မရဘဲမနက်ထိပျောက်နေခဲ့တယ်။ သူအလုပ်သွားမယ့်အချိန်ကျမှပြန်ရောက်လာပြီး ရေချိုးမနက်စာစားပြီးအလုပ်ကိုပြန်သွားခဲ့သည်။ မေးတော့လည်းမူးပြီးဟိုတယ်မှာဘဲအိပ်လိုက်တာတဲ့...။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now