မုဟန်(Arc -2.5)

Start from the beginning
                                    

ဖြောင်းး

"မင်းပါစပ်ကသူ့ကိုအဲ့လိုစကားထပ်ပြောကြည့် မင်းလျှာကိုဖြတ်ပီးခွေးကျွေးပစ်မယ်!!"

"အရှင် အီးဟီး လင်ယိဘာမှမသိပါဘူး လင်ယိကိုသူကအရင်ရန်လာစလို့ လင်ယိကပြန်လုပ်မိတာပါ"

"ဟက် သိပ်ကောင်းတဲ့ရှောင်လွှဲချက်ပဲ ငါကလဲမင်းကိုမတရားမလုပ်ပါဘူး မင်းလုပ်ခဲ့တဲ့အချက်ရေအတိုင်းပဲပြန်လုပ်မှာပါ ငါ့ကလေးရင်ဘတ်မှာအညိုမဲနှစ်ခုတွေ့တယ် အဲ့တော့မင်းကိုဒီသံပြားနဲ့နှစ်ချက်တို့မယ် ဒါလေးပါပဲ"

"ဟင့်အင်း!အရှင် ငဲ့ညှာ​ပေးပါ အရှင်!"

"လုပ်တော့!

အမိန့်ပေးလိုက်သည်နှင့်အစေခံကခြစ်ခြစ်တောက်ပူနေတဲ့သံပြားအားလင်ယိရင်ဘတ်အားထိုးကပ်တော့တယ်။

"အားးး!!!!"

"နောက်တစ်ချက်!"

"အားး အားး!!"

"ရပီ မိုဖုရားကိုသူ့အဆောင်ပြန်ပို့လိုက် သမားတော်ပါခေါ်ပေးလိုက်"

•••••••••

"သမီးတော်!"

ဝတ်ရုံစကိုမကာအဆောင်ထဲဝရုန်းသုံးကားဝင်လာတဲ့အမတ်ကြီးကသူ့သမီးရဲ့ပုံကိုမြင်တော့ပါးစပ်ပင်စိမရအောင်အံသြသွားတော့သည်။

"အဖေ!"

"ဒါ ဒါတကယ်ပဲလား မင်းကြီးကငါ့သမီးကိုခုလိုဖြစ်အောင်လုပ်လိုက်တယ်လား"

"ဟုတ်တယ်အဖေ ဒီမှာကြည့်ပါအုံး"

မြင်ရက်စရာမရှိအောင်စုတ်ပြတ်နေတဲ့လက်နှစ်ဖက်ကိုကြည့်ကာအမတ်ကြီးမှာကြောက်စိတ်များဝင်လာသည်။

"မဟုတ်မှ အဖေတို့အကြောင်းသိသွားတာများလား"

"မဖြစ်နိုင်ပါဘူး အဖေအရင်ကတည်းကဘုရင့်ဘဏ္ဍာတိုက်ထဲကငွေကြေးတေကိုအလွဲသုံးစားလုပ်နေတာပဲလေ ဘယ်နှခါများမိဖူးလို့လဲ"

"ဒါမှမဟုတ် ပြည်သူတေကိုဆူပူအောင်လုပ်ပီး ကြေးစားတေနဲ့ပူးပေါင်းထားတာသိသွားလို့များလား"

"အဲ့လိုလိုက်ခန့်မှန်းနေလို့မှမရတာ နောက်ပီး သမီးကိုဒီလိုလုပ်တာဟိုကိုယ်လုပ်တော်သားစုန့်ရီကြောင့်တဲ့"

Save Him(Completed)Where stories live. Discover now