Chapter 3.4 (U/Z)

Comincia dall'inizio
                                    

ပိုင်ချန်းသည် ယုန်လေးကို ရင်ခွင်ထဲတွင်ကိုင်ထားပြီး မက်ဆေ့ချ်ကို ဖွင့်ဖတ်လိုက်သည်။

[ Drunken World : ချစ်ရပါသော Master Rainbow Fart ရေ မင်းရဲ့အရေးအသားက ကောင်းလွန်းလို့ မျက်လုံးတွေအစ်ထွက်နေတဲ့ထိငါငိုမိတယ်။]

မီလီ : Rainbow Fart ဆိုတာက ဘာကြီးလဲ။လူအိုကြီးပိုင်ရဲ့ ကလောင်နာမည်က Rainbow Fart လား။

ရှီပိုင်ချန်းသည် လက်ချောင်းတချောင်းတည်း အသုံးပြုကာစာပြန်ခဲ့သည် - [အိုကေ။]

[Drunken World - Master Rainbow Fart ၊မင်းတကယ်ပဲ ပိုက်ဆံနဲ့ဝယ်ဖတ်ရတဲ့စာအုပ်စင်ပေါ်မတင်ဘူးလား။ဒီလောက်ကောင်းတာကို အလကားပေးဖတ်တာက နှမြောစရာကြီး။]

[Rainbow Fart: မတင်ဘူး။]

မီလီ : သူပြောတဲ့ဖတ်လို့ကောင်းတယ်ဆိုတာ ခဏကဝမ်းနည်းကြေကွဲဖွယ် အချစ်ဇာတ်လမ်းလေးလား။အဲ့ဟာကို တကယ်ကြီးဖတ်လို့ကောင်းတယ်လို့ပြောနေတာလား။

[Drunken World : မာစတာက တကယ်ပဲ ဒီအွန်လိုင်းစာပေလောကရဲ့ ပိုက်ဆံကိုဂရုမစိုက်တဲ့စာရေးဆရာတစ်ဦးပဲ။]

မီလီ : …

[Rainbow Fart : မင်းငါ့အတွက် တင်ထား‌‌ပေးလိုက်တော့။ တခြားဘာကိစ္စမှမရှိတော့ဘူးဆိုရင်ဒီလောက်နဲ့ပဲ နှုတ်ဆက်လိုက်ရအောင်။]

[Dunken World- ခဏနေပါဦး။ Dongqi မီဒီယာကနေပြီး စာရေးသူရဲ့ "ပူလောင်လွန်းသောမိန်းမနှင့်ကြမ်းတမ်းသောခင်ပွန်း" ဆိုတဲ့စာအုပ်ကို သဘောကျတာမို့ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားမူပိုင်ခွင့်ကို ရောင်းပေးဖို့ဆန္ဒရှိမရှိ မေးခိုင်းထားတယ်။]

မီလီ : "ပူလောင်လွန်းသောမိန်းမနှင့်ကြမ်းတမ်းသောခင်ပွန်း" ဆိုတာက ဘာနာမည်ကြီးလဲ။

[Rainbow Fart : မရောင်းဘူး။]

[Dunken World : မာစတာ၊မင်းဘာလို့အဲဒါကိုထပ်မစဉ်းစားတာလဲ။သူတို့က ၃မီလီယံတောင်ပေးမှာ။]

[Rainbow Fart : မရောင်းဘူး။]

[Dunken World : ကောင်းပါပြီ၊ ဆရာ့လိုပိုက်ဆံကိုဂရုမစိုက်တဲ့သူကို ထပ်‌စဉ်းစားခိုင်းဖို့ မတောင်းဆို‌တော့ပါဘူး။]

သူတို့နှစ်ဦး စကားပြောပြီးသောအခါတွင် မီလီက မ‌အောင့်နိုင်တော့ပဲမေးလိုက်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Dove le storie prendono vita. Scoprilo ora