အပိုင်း_390_ဓါးနဲ့ဆေဘာလာခဲ့စမ်း

370 40 0
                                    

အပိုင်း_390_ဓါးနဲ့ဆေဘာလာခဲ့စမ်း

ချူးယွန်စကားကိုကြားပြီးနောက် တန်းယောက်ကျီ ပြုံးလိုက်တယ်။
"ချူးယွန်... မင်းဦးနှောက်မကောင်းတော့ဘူးလား? မင်းရဲ့ကျင့်ကြံခြင်းက ငါတို့အတွက် ဘာမှမဟုပ်သလို မင်းရဲ့သိုင်းဝိညာဉ်ကလည်း ဘာမှမဟုပ်ဘူး...   မင်းရဲ့သန့်စင်ခြင်းလမ်းကိုးပါးစေတီတစ်ခုပဲရှိတယ်... ဟားဟားဟား... ကောင်းတယ်... မင်းရဲ့ သန့်စင်ခြင်းအဆင့်ဝိညာဉ်လက်နက်ကို စမ်းကြည့်ရတာပေါ့!"

"အမှန်အတိုင်းပြောရရင် မင်းမှာ အရည်အချင်းမရှိဘူး"
ချူးယွန် ပြောဆိုပြီးတာနဲ့ ရေလဓါးနဲ့ ကောင်းကင်ဓါးကို ဆင့်ခေါ်လိုက်ပါပြီ။

ကောင်းကင်ဓါးက နက်မှောင်နေကာ သတ်ဖြတ်ချင်စိတ်တွေနဲ့ လေဟာနယ်ကိုတွန့်လိမ်စေကာ နေရာအနှံ့ကိုဖြာထွက်လာပါတယ်။ အခြားတစ်ဖက်မှာတော့ ရေလဆေဘာက နူးညံ့တဲ့ရေလှိုင်းလေးတွေလို ဂယက်တွေလေထဲမှာဖြစ်ပေါ်စေလို့ပါ။ဒါက ခြိမ်းခြောက်နိုင်စွမ်းမရှိပဲ ကောင်းကင်ဓါးလိုလွှမ်းမိုးတဲ့ဟန်ပန်လည်းမရှိပါဘူး။

လက်ယာဘက်မှာကောင်းကင်ဓါးနဲ့ လက်ဝဲဘက်မှာတော့ ရေလဆေဘာ...

ချူးယွန်အနောက်မှာ ထပ်မံထွက်ပေါ်လာတာက အမြင့်ဆုံးစစ်ဝိညာဉ်... အမြင့်ဆုံးစစ်ဝိညာဉ်က မီတာတစ်ရာခန့်ရှိပြီး ရှေးဟောင်းဆန်တဲ့အော်ရာတွေထုတ်ဖော်နေပြီး သူ့မျက်လုံးတွေက နေနဲ့လအသွင်ရှိပါတယ်။

အနက်ရောင်အလင်းတန်းဆယ်ခုက အမြင့်ဆုံးစစ်ဝိညာဉ်ကို လှည့်ပတ်နေလို့ပါ။

ထိုခနမှာ ချူးယွန်ရဲ့အော်ရာက လုံးဝပြောင်းလဲသွားခဲ့ပါပြီ။

ဒါကိုကြည့်ရင်း လူလေးယောက်အံ့အားသင့်ကုန်ကြပြီလေ။

တန်းဇီရှန်းလည်း မျက်မှောင်ကြုတ်လိုက်ပါတယ်။

ချူးယွန်က ဓါးသမားတစ်ယောက်ဆိုတာသိပေမယ့် သူ့လက်ထဲကဆေဘာက ဘာလဲ?

တန်းတန့်ဖုန်းလည်း မျက်ခုံးပင့်တင်လိုက်ပါတယ်... ချူးယွန်သိုင်းဝိညာဉ်က ဓါး နဲ့ ဆေဘာဖြစ်လာမယ်လို့ သူထင်မထားခဲ့ပါဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now