အပိုင်း_219_ရှောင်ထျန်းချန်ကိုသတ်လိုက်ပါ

406 44 0
                                    

အပိုင်း_219_ရှောင်ထျန်းချန်ကိုသတ်လိုက်ပါ

"တစ်ယောက်ယောက်က ငါ့ကို တွေ့ချင်တာလား?"

ချူးယွန်ရဲ့ ဓါးသဏ္ဍန်မျက်ခုံးတွေက အထက်ကိုကော့တက်သွားကာ အစောင့်ဆီက အလွန်ပြင်းထန်တဲ့ အေးစက်စက်အော်ရာတွေကို ခံစားနိုင်တယ်။ရွှမ်းဝူနယ်ပယ်ထက်မလျော့တဲ့ဖိအားတွေလည်း ပါဝင်နေလို့...

"ဟုတ်တယ်... သူအပြင်မှာရှိနေတယ်"
အစောင့်တုန်လှုပ်နေလို့ပါ... ရေခဲအော်ရာတွေကြောင့် သူ့ကိုထိခိုက်ခဲ့တာသိသာတယ်။

"ငါ့ဆီကို လွှတ်လိုက်ချေ"
ချူးယွန်မျက်မှောင်ကြုတ်နေပေမယ့် ထိုအော်ရာပိုင်ရှင်ကို သူရိပ်‌မိနေပါပြီ။

"ဒီအော်ရာက ထူးခြားပြီး အရမ်းသန်မာတယ်၊ စကားလုံးနဲ့တောင် ဖော်ပြဖို့ မဖြစ်နိုင်ဘူး"
ဒီအေးစက်စက်အော်ရာတွေအောက်မှာ ချူးတိုင်ကွန်က မသက်မသာခံစားနေခဲ့ရတယ်လေ။

"ဘာမှမဖြစ်ပါဘူးအဖေ... ဒါက ကျွန်တော်အသိမိတ်ဆွေတစ်ယောက်ပါ"
ချူးယွန် ပြုံးနေပေမယ့် သူ့စိတ်ထဲမှာ စဉ်းစားလာခဲ့မိပါပြီ။

ဘာလို့ သူ့ကိုလာရှာတာလဲ?

မြန်ဆန်စွာပဲ အစောင့်နဲ့အတူ အဖြူရောင်ဝတ်စုံဝတ်ဆင်ထားတဲ့လူတစ်ယောက် ပါလာခဲ့ပါတယ်။သူ့ခန္ဓာကိုယ်က နှင်းဖြူလိုသန့်ရှင်းသပ်ရပ်ပြီး အားနည်းတဲ့ရေခဲအော်ရာကိုထုတ်လွှတ်နေလို့ပါ။သူ့မျက်နှာက မိန်းမအနဲငယ်ဆန်ကာ ထူးခြားပါတယ်။

"မင်္ဂလာပါချူးကလေး"
ထိုသူက ကြောက်မက်ဖွယ်ခွန်အားကိုပိုင်ဆိုင်ထားပေမယ့် ချူးယွန်အရှေ့မှာ မောက်မာခြင်းမပြုဝံ့ပဲ လေးစားသမှုပြုရတယ်။

"ရေခဲဖြူ... ဘာလို့ ကျွန်တော့်ကိုလာရှာတာလဲ?"
ချူးယွန် မေးလိုက်တယ်။

ရေခဲဖြူက  တန်းကလန်ရဲ့ နတ်ဘုရားစွမ်းရည်နယ်ပယ်တာအိုသခင်တစ်ပါးလေ... မိုးသောက်ဖြူမြို့တော်မှာ ရဲရွှမ်သတ်ဖြတ်မှုပြုလုပ်တုန်းကလည်း သူဝင်ရောက် တားဆီးခဲ့ပါသေးတယ်။

ရေခဲဖြူက ချူးယွန်ကို ပေါ့ပေါ့ဆဆမထားဝံ့ပဲ သူက လေးစားမှုထားပါတယ်။ချူးယွန်ရဲ့ပန်းပွင့်အမှတ်အသားကြောင့် ချူးယွန်ကို တန်းကလန်ရဲ့သခင်မလေးတန်းဇီရှန်းလို ဆက်ဆံရမှာပါ။သူ့ရဲ့အဆင့်အတန်းက ရေခဲဖြူထက် အများကြီးပိုမြင့်မားခဲ့တယ်မဟုပ်လား။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now