အပိုင်း_200_လူတိုင်းကိုအံ့အားသင့်စေခြင်း

435 44 0
                                    

အပိုင်း_200_လူတိုင်းကိုအံ့အားသင့်စေခြင်း

"ဘယ်လိုနေလဲကွ"
ဝမ်ချန်းရင်ပြုံးလိုက်တယ်။

"ထပ်လာစမ်းပါဦး"
ချူးယွန် နှုတ်ခမ်းတွေက တွန့်ကွေးသွားကြပါတယ်။

အစောပိုင်းတိုက်ခိုက်မှုတွေမှာ ဘယ်သူမှ အသာမရခဲ့တာ သိသာပါတယ်။

ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးတိတ်တိတ်နေလို့...
ကြည့်ရှုနေကြသူတွေအကုန်လုံး အံ့ဩနေခဲ့ကြပြီလေ။

ဘာတွေဖြစ်နေတာလဲ!
ဒီလူနှစ်ယောက်က သာမန်လူတွေရဲ့လုပ်နိုင်စွမ်းကိုကျော်လွန်ပြီး ဘာကြောင့် လုပ်နိုင်ကြတာလဲ?
မျိုးစေ့ပါဝင်သူလေးနှစ်ယောက်က ဘာလို့ ဒီလောက်ထိ သန်မာနေရတာလဲ?
သူတို့နှစ်ယောက်က လုံးဝကိုမတူညီတဲ့ကမ္ဘာက လာခဲ့ကြသူတွေပါ...

ဒီလူနှစ်ဦးပြသခဲ့တဲ့စွမ်းအားတွေက အလွန်ကြောက်စရာကောင်းပါတယ်။
သူတို့နှစ်ယောက်သာ အပြင်းအထန်တိုက်ခိုက်ကြရင် ဘယ်သူနိုင်မယ်ဆိုတာပြောဖို့ခက်တယ်!

"ဒီချူးယွန်က တီအန်တာအိုဂိုဏ်းကမဟုတ်လား၊ သူက ဝမ်ချန်းရင်ကို ဒီလောက်ကြာကြာတိုက်ခိုက်နိုင်တယ်"

"ဒါက အဓိကအချက်မဟုတ်သေးဘူးဟ။ အဓိကက  ဒီချူးယွန်ဆိုသူက စစ်မှန်သောစွမ်းအားနယ်ပယ်တောင်မရောက်သေးဘူး"

"နှစ်ပေါင်းတစ်ရာအတွင်း မြင်ရခဲတဲ့ပါရမီရှင်တွေ ဒီကိုရောက်နေတာပဲ"

အချို့ဂိုဏ်းချုပ်တွေက ကူကယ်ရာမဲ့စွာ ညည်းညူလိုက်ကြတယ်။အလယ်လတ်အဆင့်ဂိုဏ်းဖြစ်ဖို့ သူတို့မှာ အခွင့်ရေးမရှိကြပါဘူး။

မုရုံဆွန်းရဲ့ခန္ဓာကိုယ်ကလည်း မယုံကြည်နိုင်မှုတွေနဲ့ တုန်ခါနေလို့...

သူ့ရဲ့အဓိကမျိုးစေ့ပါဝင်သူကျို့ရန်က‌ ကောင်းကင်ဂိုဏ်းအဆင့်တက်စေဖို့ မျှော်လင့်ချက်ပါ။

သူ့ရဲ့ခွန်အားက သက်တူရွယ်တူတွေကြားများစွာ သန်မာပေမယ့် ဝမ်ချန်းရင်တို့ ချူးယွန်တို့နဲ့ နှိုင်းယှဉ်ရင်ရော!

မုရုံဆွန်းဝန်မခံချင်ခဲ့ပါဘူး။ဒါပေမယ့်လဲ ချူးယွန်ရဲ့တိုက်ခိုက်နိုင်စွမ်းက သူမျှော်လင့်ထားတာထက် များစွာပိုသန်မာတယ်လေ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၂ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၂ Where stories live. Discover now