"ကိုယ်အခုဆို အိမ်မက်ဆိုးတွေ မမက်တော့ဘူး၀န်း။
ကိုယ်အရင်ကလို အထီးကျန်တာမျိုးတွေလည်းမရှိတော့ဘူး။
ဒါတွေက မင်းအပြုံးတွေကိုမြင်နေရလို့ မင်းရဲ့လက်လေးတွေကိုဆုပ်ကိုင်ရင်း ကိုယ်တို့အတူရှိနေကြလို့ပါပဲ။
မင်းသာ ကိုယ့်အနားကထွက်သွားရင် ကိုယ်တကယ်သေမှာ။"၀န်းရယ်....ကိုယ်မင်းကိုအရမ်းချစ်လွန်းလို့ ဘယ်သူမှမရှိတဲ့နေရာမှာဖွက်ထားချင်မိတယ်။
ချစ်စရာကောင်းလွန်းနေတဲ့ ကိုယ့်အပိုင်လေးကို ကိုယ်သာအမြတ်တနိုးချစ်ခွင့်ရချင်မိလို့လေ။
ကိုယ်အတ္တမကြီးဘူးမဟုတ်လားဟင်?
အကယ်၍ အတ္တကြီးဆိုတယ်ဆိုလည်း ဆိုနိုင်ပါတယ်။ ၀န်းအတွက် ကိုယ်အတ္တကြီးမိပါရစေ။"ပတ်ခ်ဂျုံဆောင်း!"
"ဟင်"
"ဘာတွေတွေးနေတာလဲဗျာ"
သူ့ရဲ့အတွေးတွေကို သိနေသည့်အလား အသည်းအသက်လေးကမေးလာလေ၏။
သိရင်လည်းသိလောက်ပါသည်။ ဒီလူ၏ စိတ်၊ဝိညာဉ်အရာအားလုံးက ၀န်းတစ်ယောက်ထဲကိုသာ ပုံပေးထားသည်မို့။
၀န်းသာမရှိရင် ကိုယ်တကယ်သေရမှာပါ။__
"ဆောင်းဟွန်း"
သူ့အသက်ရှူသံတွေရပ်တော့မလိုပဲ။ နှလုံးသားတွေကဆုန်ပေါက်ထွက်တော့မလိုပဲ။ ဒီအသံက....။
"ဂျယ်....ယွန်း.....မင်း.... တ...တကယ်ပဲ"
"ဘာတွေဖြစ်နေတာလဲကွာ ငါအခု ခင်ဗျားရှေ့ ရောက်နေပြီလေ"
"မဟုတ်ဘူး ကိုယ်အခုအိမ်မက် မက်နေတာလား?။ တကယ်ပဲ မင်းလေးလား"
သူ့ရှေ့က အရူးတပိုင်းဖြစ်နေတဲ့ ပတ်ခ်ဆောင်းဟွန်းကိုကြည့်ကာ ဂျယ်ယွန်းစိတ်ထဲ အနည်းငယ်မျှ ၀မ်းနည်းသွားရသည်။
"ဆောင်းဟွန်း... ငါ့ကိုကြည့်...ငါ့ကိုသေချာကြည့်"
သူရဲ့ မျက်လုံးလှလှတို့နှင့် ဆောင်းဟွန်းအားဆုံစေသည်။
"ငါပါ ရှင်းမ်ဂျယ်ယွန်းလေ! ခင်ဗျားအခု အိမ်မက် မက်နေတာမဟုတ်ဘူး ငါတကယ် ခင်ဗျားရှေ့ရှောက်နေတယ် ပြီးတော့ ခင်ဗျားလက်ကိုလည်း ဆုပ်ကိုင်ထားတယ် ပြီးတော့...."
YOU ARE READING
-ဆု-|Prize|/JAY AND JUNGWON/ [complete]
FanfictionIt's like being filled with longing I don't want to destroy it again after longing Sometimes I'm too afraid of rewards I still value it so much because I'm afraid it will be lost. -THE JAYWON STORY- Artist- @AwAw88888 မတောင့်တပဲပြည့်၀ခဲ့ရသလိုမျိုး တ...
-ဆု-|Prize| Part-10
Start from the beginning