Chapter 3.2 (U/Z)

Start from the beginning
                                    

ကလေးမလေးသည် မိုးကြိုးပစ်ခံလိုက်ရသလို အသွင်အပြင်ဖြင့် မျက်လုံးကို ပြူးကျယ်သွားသည်။

[ရှင်တကယ်ပဲအဲ့လောက်ထိလုပ်ဖို့လိုလို့လား။]

လူအိုကြီးပိုင်ဟာ ဒီတစ်သက်မှာ ကလေးမရနိုင်ဘူးလို့ မီလီ ခံစားခဲ့ရတယ်။

"သူမကို အိမ်‌ခေါ်သွားဖို့ ဘယ်သူက ပြောတာလဲ။" ရှီပိုင်ချန်းက သူမကို မနှစ်သက်သလို တစ်ချက်ကြည့်ကာဖြေလိုက်သည်။

[ရှင်ကလေးတွေကို ညင်ညင်သာသာလေး ဆက်ဆံသင့်သည်။]

"ဟမ်"

ရှီပိုင်ချန်းသည် မထီမဲ့မြင်ပြုကာ ပြန်ဖြေသည်။

ငွေရှင်းကောင်တာတွင် ငွေရှင်းပြီးနောက် ရှီပိုင်ချန်းသည် လက်တစ်ဖက်တွင် ဈေးဝယ်အိတ်တစ်လုံးကိုကိုင်ဆောင်ကာ ကျန်တစ်ဖက်တွင် ယုန်တစ်ကောင်နှင့်အတူ ကုန်တိုက်မှထွက်လာခဲ့သည်။

ယုန်ရုပ်နှင့် စျေးဝယ်အိတ်ကို နောက်ထိုင်ခုံတွင် ချထားလိုက်ပြီး ရှီဘိုင်ချန်တံခါးပြန်ပိတ်ခါနီးတွင် မီလီက အမြန်ပြောသည်။

[ခဏနေပါဦး၊ကျွန်မကိုယ်နေဟန်ထားကို ပြောင်းပေးပါဦး။ဗိုက်ပေါ် မှာလှဲလျောင်းနေတဲ့ပုံနဲ့မထားခဲ့နဲ့။ကျွန်မပြတင်းပေါက်အပြင်ဘက် ရှုခင်းတွေကြည့်ချင်တယ်။]

ရှီပိုင်ချန်းကပြန်လာပြီး သူမကို‌မတ်တပ်အ‌နေအထား ထားကာကားတံခါးဘေးသို့ ရွေ့ပေးလိုက်တယ်။

မီလီက သူ့အား  [ထိုင်ခုံခါးပတ်ပတ်ဖို့ မမေ့နဲ့။] ဟု သတိပေးတယ်။

အရမ်းဇီဇာကြောင်တာပဲ။

ရှီပိုင်ချန်းသည် သူမအား ထိုင်ခုံခါးပတ်ကိုချိတ်ဖို့ ကူညီပေးခဲ့ပါတယ်။

[ကျေးဇူးတင်ပါတယ်။ရှင်က အရမ်းကောင်းတဲ့သူပဲ။]

မီလီက သူ့ကို လူကောင်းကတ်ပြားတစ်ခု ပေးခဲ့တယ်။

ရှီပိုင်ချန်းက ကားမောင်းတဲ့ အနေအထားမှာ ထိုင်နေပြီး ကားစက်ကို စတင်နိုးလိုက်တယ်။

မီလီသည် ပြတင်းပေါက်မှ ငေးကြည့်ကာ အထင်ကရ အဆောက်အအုံများ၊ အထင်ကရနေရာများနှင့် ကြော်ငြာဘုတ်များကို အာရုံစိုက်မှတ်ခဲ့သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now