Chapter 2.3 (U/Z)

Start from the beginning
                                    

သူအလုပ်လုပ်နေတဲ့အချိန် ရုပ်ရည်က ရင့်ကျက်တည်ငြိမ်တဲ့ပုံပေါ်ပေမယ့် သူတကယ်အသက်ကြီးနေပုံပေါက်နေလို့လား။

ရှီပိုင်ချန်းသည် စီးကရက်ကိုချလိုက်ပြီး ထကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။မှန်ကို မျက်နှာမူကာတင်းမာနေသော မေးစေ့ကို ထိကာ နဖူးပေါ်ကျနေသော ဆံပင်များကို ပြန်ဖြီးလိုက်သည်။ပုံမှန်ထက်အသက်ကြီး တဲ့ပုံပေါက်နေပေမယ့် သူက အသက် ၄၀ အရွယ် လူလတ်ပိုင်းတစ်ယောက်လိုပုံမပေါက်တာတော့ သေချာတယ်။

ရှီပိုင်ချန်းသည် မျက်နှာကို ဆေးကြောပြီး သင်တုန်းဓားကို ကောက်ယူကာ မုတ်ဆိတ်မွေးပါးပါး‌လေးကို ရိတ်လိုက်သည်။  ရေအေးအေးဆေးဆေးချိုးပြီးတာနဲ့ အခန်းထဲပြန်ဝင်လာခဲ့တယ်။

စားပွဲခုံသို့ရောက်သောအခါ ကွန်ပြူတာသုံးရင်း ဆံပင်ကို မျက်နှာသုတ်ပုဝါဖြင့် ခြောက်အောင်သုတ်သည်။သူသည်မကောင်းဆိုးဝါးလေးဝင်ပူးနေသော စီးကရက်ကိုစိုက်ကြည့်ကာ သူရဲ့အသွင်အပြင်ကို ပြန်လည်အကဲဖြတ်ရန် သူမ၏အဖြေကို‌ စောင့်ဆိုင်းနေသည်။

"မီမီ အဲ့မှာရှိနေသေးလား"ဟု သူမပြောတာကိုမစောင့်နိုင်တော့ပဲမေးလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်တွင် ဖြတ်သွားသော ကားသံများမှလွဲ၍ အခန်းသည် တိတ်ဆိတ်နေသည်။

"ထပ်ပြီးတော့ထွက်သွားပြန်ပြီ။"

ရှီပိုင်ချန်းသည် သူ့လက်တော့ပ်ကို ခေါက်သိမ်းလိုက်ပြီး မျက်နှာသုတ်ပုဝါကိုထိုင်ခုံနောက်ဘက်သို့ ပစ်ချလိုက်သည်။သူက စီးကရက်ကို ကောက်ကိုင်လိုက်ပြီးမီးညှိဖို့လုပ်သော်လည်း ခဏရပ်လိုက်သည်။အဆုံးတွင် မီးငြိမ်းသတ်ပြီး မီးခြစ်ကိုချကာ စီးကရက်ကို ဘူးထဲသို့ပြန်ထည့်လိုက်သည်။

မီလီသည် သူမ၏ကိုယ်ခန္ဓာအစစ်အမှန်သို့ ပြန်ရောက်ပြီးနောက်တွင် အိပ်မက်ထပ်မမက်တော့ဘဲ မိုးလင်းသည်အထိ အိပ်ပျော်သွားခဲ့သည်။

ထူးဆန်းတဲ့ အိပ်မက်အတွေ့အကြုံသုံးခုကနေပြီး တစ်ခုခုမှားနေပြီဆိုတာ မီလီကို သဘောပေါက်စေတယ်။အိပ်ရာကနိုးပြီးနောက် အရာအားလုံးကို သူမ မမှတ်မိသော်လည်း လက်တွေ့ဆန်မှုက ၎င်းတို့ကို သာမန်အိပ်မက်များအဖြစ် သဘောထားရန် မဖြစ်နိုင်ပေ။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now