Chapter 2.2 (U/Z)

Start from the beginning
                                    

[ဟုတ်တယ် ဟုတ်တယ်။အဲဒါကျွန်မပဲ။]

အကျပ်အတည်းကို ကျော်လွှားပြီးနောက်မှာတော့ မီလီရဲ့စိတ်တွေ ကြည်လင်လာတယ်။

ရှီပိုင်ချန်းသည် ရှပ်အင်္ကျီကြယ်သီးများကိုတစ်ဝက်လောက်ဖြုတ်ထားပြီးသူ့ရင်ဘတ်ကြွက်သားများကို ပြသထားကာ ဆိုဖာပေါ် မှီလိုက်သည်။သူ့ခြေတံရှည်နှစ်ချောင်းကို ချိတ်လိုက်ပြီးကိုင်ထားသော စီးကရက်ကိုပျင်းရိစွာကြည့်ကာ "မင်းဟာ အသက်ဝင်တဲ့လူခေါ်ခေါင်းလောင်းလို့ ပြောထားတာမဟုတ်ဘူးလား။" လို့မေးလိုက်တယ်။

[ကျွန်မက ပုံစံမျိုးစုံအပြောင်းအလဲလုပ်နိုင်တယ်။ နောက်တစ်စက္ကန့်မှာ ကျွန်မဘာဖြစ်လာမယ်ဆိုတာ ရှင်ဘယ်တော့မှ ခန့်မှန်းလို့ရမှာမဟုတ်ဘူး။]

"တကယ်လား။"

ရှီပိုင်ချန်းသည်ရှောင်မီက လွန်ခဲ့သည့်နာရီအနည်းငယ်က လူခေါ်ခေါင်းလောင်းယုံကြည်လိုက်ပြီးအခုကျတော့ စီးကရက်တစ်လိပ်အဖြစ်ပြောင်းသွားတာဆိုတော့ သူမက တကယ်ပဲဘယ်အရာဝတ္ထုကိုမဆို ပိုင်ဆိုင်နိုင်သော သရဲတစ္ဆေလားဟု သံသယဖြစ်မိတာမမှားပေ။

ဒါပေမယ့် သူမကဘာလို့ဒီမှာပေါ်လာတာလဲ။ရှီပိုင်ချန်းသညဒီဗီလာကြီး၏ ပထမဆုံးပိုင်ရှင်ဖြစ်ပြီး ဒီနေရာတွင် ပြင်ပလူများ တည်းခိုဖူးခြင်းမရှိပေ။ယုတ္တိဗေဒအရပြောရလျှင် အိမ်ကြီးသည် သရဲခြောက်ရန် မဖြစ်နိုင်ပေ။သူ့မျက်စိနဲ့ကိုယ်တိုင်မမြင်ရရင် ကမ္ဘာပေါ်မှာသရဲတစ္ဆေတွေရှိတယ်ဆိုတာတောင် ယုံမှာမဟုတ်ဘူး။

"မင်းက ဘယ်လိုအရာဝတ္ထုမျိုးလဲ" ဟု ရှီပိုင်ချန်းကမေးလိုက်သည်။

[ကျွန်မက အရာဝတ္ထုမဟုတ်ဘူး။]

"အို... မင်းကအရာဝတ္ထုမဟုတ်ဘူးလား။"

ရှီပိုင်ချန်း က မျက်ခုံးပင့်လိုက်ပြီး "ဒါဆို မင်းကဘာလေးလဲ။"

[ကျွန်မက မကောင်းဆိုးဝါးနတ်ဆိုးပဲ။]

ရှီပိုင်ချန်း : "..."

သူ့လက်ထဲက မီမီတံဆိပ်စီးကရက်လိပ်လေးကိုချထားလိုက်ပြီးနောက် ရှီဘိုင်ချန်က စီးကရက်ဘူးထဲက နောက်ထပ်တစ်လိပ်ကိုထုတ်လိုက်တယ်။ သူက မီးခြစ်နဲ့မီးညှိပြီး တစ်ဖွာလောက်ဖွာလိုက်တယ်။သူ့ပုံစံသည်ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိပြီးကြည့်လို့ကောင်းသည်။နဖူးပေါ်မှာ အနည်းငယ်ရှုတ်ထွေးနေသော ဆံပင်များကကျနေပြီး မျက်လုံးတစ်ဝက်ကလည်း မီးခိုးငွေ့များ ဖုံးလွှမ်းသွားသဖြင့် သူ့တစ်ကိုယ်လုံးကနေပြီးဘဝ၏ဘေးဆိုးများကို မြင်နေရသလို ခံစားချက်မျိုးထွက်ပေါ်စေသည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now