သူမသည် ပန်ကိတ်၏ လေးမျက်နှာကို လေးထောင့်ပုံစံဖြစ်အောင် ခေါက်ပြီးနောက်ချိစ်အရည်ပျော်ကာ ကြက်ဥအနှစ်ဝိုင်း ရွှေရောင်သန်းလာသည်အထိ အပူပေးသည်။နောက်ဆုံးတွင် အသီးအနှံအနည်းငယ်ကို လှီးဖြတ်ပြီး ထောင့်နား‌လေးတွေမှာအလှဆင်လိုက်သည်။အခုဆိုရင် ရိုးရှင်းပြီး အရသာရှိတဲ့ ကြက်ဥမုန့်လေး ပြီးပါပြီ။

မီလီသည်လတ်လတ်ဆတ်ဆတ် ဖုတ်ထားသောကြက်ဥမုန့်ကို ကောက်ကိုင်လိုက်သည်။သူမသည် မုန့်အနံ့အားပြင်းပြင်း ရှူရှိုက်ပြီးမှတ်ချက်မချမီ ပရိသတ်အား အရင်ဆုံးအနီးကပ်ပြပေးကာ

"ဒိန်ခဲနှင့် ဘေကွန်တို့ ရောစပ်ထားတဲ့အပြင်ကြက်ဥနှင့်နို့၏ အမွှေးရနံ့သည် ရှိပြီးသားအရသာကို ပို၍‌ကောင်းစေပါသည်။အရောင်ကိုကြည့်မယ်ဆိုရင်လည်း တောက်ပနေပြီး အာဟာရပြည့်ဝကာ ကျန်းမာစေပါတယ်။ညဘက်အချိန်ရရင် စမ်းကြည့်ကြပါ။ကျွန်မကတော့ အခုချက်ချင်းစားပြပါတော့မယ်။"

[အားးးး ကြည့်ရုံနဲ့တင် ဗိုက်ဆာလာပြီ။ငါ့ကိုယ်ငါအနှိပ်စက်ခံပြီးဘာလို့ဆက်ကြည့်နေရတာလဲ။]

[ဒီဘဝမှာ ငါကိုယ်အလေးချိန်ကျဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူး။]

[ထုတ်လွှင့်သူရဲ့ခန္တာကိုယ်ကိုငါတကယ်မနာလိုဖြစ်မိတယ်။ဘယ်လောက်စားစားသူမ မဝလာဘူး။]

[ငါအခုပဲ အစားအသောက်တွေ မှာလိုက်ပြီ။ကိုယ့်ကိုယ်ကိုအစားအသောက်တွေကြားထဲနစ်မြှုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။]

မုန့်စားပြပြီးနောက် မီလီ၏ ကျေနပ်အားရဖွယ်အမူအရာသည် လှိုင်းဂယက်ထသွားပြီးတိုက်ရိုက်ထုတ်လွှင့်မှုသည်ဆုကြေးငွေများစွာဖြင့် ပြီးဆုံးခဲ့သည်။

မီလီသည် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ပြေးစက်ပေါ်တွင် နောက်ထပ် မိနစ် 30 ခန့် ဖြည်းညှင်းစွာ ပြေးခဲ့သည်။

ညသန်းခေါင်ရောက်တော့ သူမသည်အချိန်မှန် အိပ်ယာဝင်ခဲ့သည်။မျက်လုံးမှိတ်ပြီး ငါးမိနစ်အတွင်းမှာပဲမီလီအိပ်ပျော်သွားသည်။သူမ၏ အိပ်စက်မှုပုံစံသည် အမြဲတမ်းကောင်းမွန်နေခဲ့သော်လည်း ပြီးခဲ့သည့်နှစ်ရက်အတွင်းပုံမှန်မဟုတ်ခဲ့ပေ။ထူးဆန်းသော အိပ်မက်များစွာကိုမက်ရင်းအိပ်ပျော်နေခြင်းဖြစ်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)जहाँ कहानियाँ रहती हैं। अभी खोजें