Chapter 1.2 (U/Z)

Start from the beginning
                                    

ဒီကားမတော်တဆမှုမဖြစ်ခဲ့ရင် မီလီက သူမဘဝကို ရိုးရိုးရှင်းရှင်းနဲ့ ပျော်ရွှင်စွာနေထိုင်သွားရမယ်လို့ ခံစားရသည်။

ညစာစားပြီးနောက် မီလီ သည် သူမ၏ဖိနပ်ကိုစီးကာ အောက်ထပ်သို့ လမ်းလျှောက်ထွက်ခဲ့သည်။ ပုံမှန်အားဖြင့် သူမသည် အနည်းဆုံး တစ်နာရီခန့် လမ်းလျှောက်ခဲ့သော်လည်း ယနေ့တွင် ဆယ်မိနစ်ကျော် လမ်းလျှောက်ပြီးနောက် သူမ၏ မျက်ခွံများ လေးလံလာသည်။နောက်တစ်စက္ကန့်အတွင်း သူမ အိပ်ပျော်သွားတော့မည်ဟု ခံစားနေရသောကြောင့် သူမအိမ်သို့ ပြန်လာခဲ့သည်။ကုတင်ပေါ်သို့တက်ကာ ဝက်ဝံရုပ်ကြီးကို ပွေ့ဖက်ပြီး အိပ်ပျော်သွားသည်။

သူမရဲ့ အသိစိတ်က တစ်ဖန် "နိုး" လာပြန်သည်။သူမ ပထမဆုံးမြင်လိုက်ရသည်မှာ အကွေ့အကောက်များသော လမ်းဖြစ်သည်။လမ်း၏ တစ်ဖက်ခြမ်းတွင် အထပ်မြင့် အဆောက်အအုံများ တန်းစီလျက် ယာဉ်ကြောများ အဆက်မပြတ် သွားလာနေပြီး လမ်းမီးများဖြင့် လင်းထိန်နေပါသည်။မှောင်မိုက်နေသော ကောင်းကင်တွင် ကြယ်များစွာဖြင့် ဖုံးလွှမ်းသွားကာ အလင်းတန်းများသည် ညမိုးချုပ်ကာ ပျောက်ကွယ်သွားခဲ့သည်။

ဒီနေရာကဘယ်နေရာကြီးလဲ။

မီလီ ပတ်ဝန်းကျင်ကို‌လေ့လာကြည့်လိုက်တော့ သူမသည် ဗီဒီယို တံခါးခေါင်းလောင်း ဖြစ်သွားပုံရသည်။

တစ်ချက်စဉ်းစားပြီးနောက်တွင် တံခါးခေါက်သံ ချက်ခြင်းမြည်လာသည်။

ခဏအကြာတွင် "ဘယ်သူလဲ။" ဟုမေးသော ယောက်ျားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

မီလီ နှုတ်ဆိတ်နေခဲ့သည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အပြင်မှာ ဘယ်သူမှမရှိတာကြောင့် ဘဲလ်တီးခတ်မှု ပြတ်တောက်သွားခဲ့တယ်။

မီလီသည် ထိုလူကို မြင်ရန် ဖန်သားပြင်၏ တစ်ဖက်ကို ဖြတ်၍ ချောင်းကြည့်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ။သူမသည် အပြင်ဘက်မျက်နှာပြင်တွင်သာ နေနိုင်ပြီး မဆုံးနိုင်သောလမ်းကို မျက်နှာချင်းဆိုင်နေရသည်။

ထိုအချိန်တွင်အစားအသောက်ပို့ဆောင်တဲ့ ကောင်လေးတစ်ယောက်က လျှပ်စစ်ကားကို မောင်းနှင်ပြီး ရောက်လာခဲ့သည်။သူက မီလီရှေ့မှာ ရပ်လိုက်ပြီး သူ့လက်ကို ထုတ်ကာသူမကိုနှိပ်ဖို့လုပ်နေသည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now