Chapter 1.1 (U/Z)

Start from the beginning
                                    

သို့သော် သူမ၏ ခန္တာကိုယ်လေးလံထိုင်းမှိုင်းနေမှုသည် အထူးဆန်းဆုံးအရာမဟုတ်ပေ။အထူးဆန်းဆုံးကတော့ သူမ အိပ်ပျော်သွားတိုင်း သူမရဲ့ ဝိညာဉ်က သူမခန္ဓာကိုယ်ကနေ ထွက်သွားတာပါပဲ။

ပထမအကြိမ်မှာ ဆေးရုံက‌နေဆင်းပြီး သုံးရက်မြောက်နေ့တွင်ဖြစ်သည်။မီလီသည် တီဗီကြည့်ရင်း ဆိုဖာပေါ်တွင် အိပ်ပျော်သွားသည်။

သူမမှိန်းပြီးအိပ်‌ပျော်နေချိန်မှာသူမ၏အသိစိတ်သည် “နိုး” နေသလိုခံစားရသည်။မီလီသည် ထူးဆန်းသောအိမ်အပြင်အဆင်နှင့်အခန်းတစ်ခုတွင်သူမကိုယ်သူမ ရှာတွေ့ခဲ့သည်။ယောက်ျား‌လေးတစ်ယောက်၏ အိပ်ခန်း ဖြစ်နိုင်ချေများသည်။

မီလီသည် သူမ၏ကိုယ်ခန္ဓာကို မခံစားနိုင်သော်လည်း သူမ၏စိတ်မှာမူအရာအားလုံးကိုရှင်းရှင်းလင်းလင်းသိနိုင်သည်။သူမသည် လွတ်လွတ်လပ်လပ် လှည့်ပတ်ကြည့်ရှုနိုင်သော်လည်း မလှုပ်ရှားနိုင်ပေ။သူမ၏ “ခန္ဓာကိုယ်” သည် တစ်နေရာတည်းတွင် တည်ရှိနေသကဲ့သို့ခံစားရသည်။

သေချာစူးစမ်းစစ်ဆေးပြီးနောက် သူမသည် ညမီးအိမ်ငယ်လေးဖြစ်‌နေကြောင်း နောက်ဆုံးတွင် သူမသိလိုက်ရသည်။သူမသည် အလင်းရောင်ကို တုန်ခါအောင်ပြုလုပ်နိုင်ရုံမှတစ်ပါး အခြားဘာမျှမတတ်နိုင်သည့်အပြင် အဖွင့်အပိတ်အခြေအနေကိုသာထိန်းချုပ်နိုင်သည်။

ခဏလောက်ဖွင့်ပိတ်ကစားပြီးနောက် သူမသည် အနည်းငယ်ငြီးငွေ့လာကာ အိပ်ခန်းဆီသို့သာ အာရုံပြန်စိုက်လိုက်သည်။

အိပ်ခန်းသည် အဓိကအားဖြင့် အပြာရောင်ဖြစ်ပြီး ကျယ်ဝန်းကာ သန့်ရှင်းသပ်ရပ်နေသည်။နက်ပြာရောင်အိပ်ရာကြီးကို သေသေသပ်သပ်လုပ်ထားပြီး ရွှေညိုရောင်လိပ်ကာကြီးတွေကို ချိတ်ဆွဲထားကာ စားပွဲပေါ်တွင် စာအုပ်များကို စနစ်တကျစီထားသည်။ဗီရို၏ဘေးတွင်လျှောတံခါးတစ်ခုရှိနေပြီး ကြည့်ရသလောက်တော့ အဝတ်စားလဲခန်းဖြစ်မယ်ထင်သည်။တစ်ဖက်တွင် ရေချိုးခန်းရှိသည်။နှင်းခဲပုံသဏ္ဍာန်ရှိသော ဖန်သားသည် ကျောက်စိမ်းကဲ့သို့ နွေးထွေးပြီး ကြည်လင်တောက်ပကာ အိပ်ခန်းတွင်းတွင် တောက်ပနေသောတစ်ခုတည်း‌သော အလင်းရောင်ဖြစ်သည်။

ငါအိပ်ပျော်သွားတဲ့နေ့တိုင်း ငါ့ဝိညာဉ်က ငါ့ခန္ဓာကိုယ်ထဲကထွက်သွားတယ်။(Translation)Where stories live. Discover now