Extra

3.1K 368 11
                                    

"ဂျောင်ဂုပြန်ရောက်နေတာကိုအိမ်ထဲ၀င်မလာဘဲ အိမ်ရှေ့ဘာရပ်လုပ်နေတာလဲ"

အိမ်ရှေ့၀ယ်ရပ်နေသောသားဖြစ်သူကို မစ္စစ်ဂျွန်မေးလိုက်တော့ သားဖြစ်သူနောက်တွင်ကိုယ်ကိုယ်ကွယ်ထားသော ခေါင်းလုံးလုံးလေးတစ်ခုပေါ်ထွက်လာပြီး သွားအကုန်ပေါ်သည်အထိရယ်ပြလာသည် ။

"ဂျီမင်းလေးလည်းပါလာတာလား ၀င်လေကွယ် ။ ဂျောင်ဂုကတော့ကလေးကိုအထဲခေါ်မလာဘူး"

"ကြားတယ်မလား ဂျီမင်း ။ ၀င်လေအထဲကို"

"ဂျောင်ဂုကလည်း..."

ဆိုကာသူ့အိမ်သူ့ယာလိုခပ်စောင့်စောင့်၀င်သွားတဲ့သူကြောင့် ခပ်ဟဟရယ်လိုက်မိ၏ ။ တော်သေးသည်ကမာမီက ဟိုကလေးနှင့်အတူအထဲ၀င်သွားလို့ပင် မဟုတ်လျှင် ရူးနေတာလားဆိုသည့်အကြည့်နှင့် ကြည့်ခံရမည်မှာသေချာသလောက်ပင် ။ အထဲရောက်တော့ ကလေးမကလူကြီးမကျကောင်လေးကိုမတွေ့သည်နှင့် မာမီ့ကိုမေးလိုက်တော့ သူ့အခန်းထဲသွားနေခိုင်းလိုက်တယ်ဆိုလို့ ခေါင်းကိုခပ်သာသာခါကာလိုက်ရပြန်သည် ။ အခန်းတံခါးကိုဖွင့်လိုက်တော့ ချက်ချင်းပြေးလာကာ

"ဂျောင်ဂုအဆင်ပြေပါ့မလား"

အဆက်စပ်မရှိ ခပ်တိုးတိုးမေးလာတဲ့သူကြောင့် စက္ကန့်ပိုင်းမျှ ကြောင်'အ'သွားရသည် ။

"ဘာကိုပြောတာလဲ ဘေဘီရဲ့"

ဘေဘီလို့ခေါ်လိုက်တော့ ချက်ချင်းရဲတက်လာတဲ့ နားရွက်လေးနှစ်ဖက်ကအစ ချစ်ချင်စရာတွေချည်းပဲ ။

"ဂျောင်-ဂျောင်ဂုကမကောင်းဘူးဗျာ ။ ကျွန်တော်ကအတည်ပြောနေတာကို"

"ကိုယ်ကဘာလုပ်နေလို့တုန်းဘေဘီရဲ့...ဟမ် ပြောပါဦး"

"ဟာဗျာ အဲ့လိုဆက်လုပ်နေရင် ဂျောင်ဂုကို....ဂျောင်ဂုကို..."

"ဆက်ပြောလေ ဘာလို့ထစ်နေတာလဲ"

"ဂျောင်ဂုကိုအခုထက်ပိုချစ်မိတော့မှာပဲ"

"စကားတတ်ကလေး ပြောပါဦး ဘာတွေတွေးပူနေတာလဲ"

"ဟို...ဂျောင်ဂုအမေကို ကျွန်တော်တို့အကြောင်းပြောလိုက်ရင်လက်ခံပါ့မလား"

Take this milo, now you're half of my heart //Kookmin//✔️Where stories live. Discover now