Ch:3

2.7K 363 20
                                    

"သားတို့ရေ ညစာအဆင်သင့်ဖြစ်ပြီ ၀င်ခဲ့ကြတော့!!"

အရှေ့ကပြဿနာအိုးလေး၏ ပေါက်ကရစကားများကို အချိန်အတော်ကြာနားထောင်နေရာမှ မာမီ့ရဲ့ခေါ်သံကိုကြားတော့ ချက်ချင်းပင်စကားစပြတ်သွားရသည် ။

ထမင်းစားခန်းထဲရောက်တာနဲ့ စားပွဲထိပ်ဆုံးခုံမှာဒယ်ဒီကထိုင်နေကာ မာမီနဲ့ဂျီမင်းအမေကဘေးချင်းကပ်ထိုင်နေတာကြောင့် သူတို့နှစ်ယောက်ကအလိုလို စားပွဲတစ်ဖက်ခြမ်းမှာဘေးချင်းကပ်ထိုင်လိုက်ရသည် ။

စားစရာတွေကိုတွေ့တာနှင့် မျက်လုံးလေးကလက်သွားတာကြောင့် အစားပုပ်လေးလို့တိတ်တဆိတ်နာမည်ပေးလိုက်မိတယ် ။ စစားကတည်းကစကားတစ်ခွန်းမှမပြောဘဲ ပါးစပ်ထဲအပြည့်ထမင်းတွေထည့်ပြီး တမြုံ့မြုံ့၀ါးစားနေတဲ့သူကြောင့် တစ်အိမ်လုံး၀ိုင်းအသည်းယားနေကြသည် ။

ကောင်လေးကငါးကင်ကိုတူနဲ့လှမ်းတုန်းရှိသေးတယ် သူ့အမေကသတိထားမိသွားပြီး

"ဂျီမင်း ငါးစားမလို့လား"

"ဟုတ် မေမေ"

ပလုတ်ပလောင်းနဲ့ဖြေပြီးတာနဲ့ ချက်ချင်းပင်ကောင်လေးအမေကငါးကိုအရိုးနွှင်ပေးတော့သည် ။

"သည်ကောင်လေးကတော့ ငါးအရိုးကိုဘယ်တော့မှသေချာကြည့်မစားဘဲ ငါးကစားချင်သေးတယ် ရော့! ရော့!! အသားနွှင်ပြီးသားတွေ"

ပါးစပ်ကသာပွစိပွစိပြောနေပေမယ့် လက်ကတော့နွှင်ပြီးသားအသားတွေကို ကောင်လေးပန်းကန်ထဲထည့်ပေးလို့နေသည် ။ တစ်မိသားစုလုံးရဲ့သည်းသည်းလှုပ်အသည်းညှာလေးက သူ့ကိုအောက်ကျနောက်ကျလိုက်ပိုးပန်းနေတာကြောင့်စိတ်တော့မကောင်းမိ....ဒါကြောင့်အသားတုံးတစ်တုံးကို ပန်းကန်ထဲထည့်ပေးလိုက်တော့မော့ကြည့်လာသည် ။

"ဘာကြည့်တာလဲ စားလေ ၊ များများစား"

သူပြောတာဘာအမှားပါသွားလဲမသိ...မျက်နှာလေးရဲကာငုံ့ပြီး ထမင်းတွေထိုးသွင်းနေတဲ့သူကြောင့် တူတောင်လေထဲရပ်တန့်သွားရတယ် ။ ထမင်းစားပြီးတော့ အချိုတည်းစရာအဖြစ် သစ်သီးတွေကိုဧည့်ခန်းထဲယူသွားတော့ ဧည့်ခန်းထဲလိုက်ရပြန်တယ် ။

Take this milo, now you're half of my heart //Kookmin//✔️Where stories live. Discover now