"ရှောင်းပိုင်! ကိုယ်တို့ကိုမနှောင့်ယှက်ပါနဲ့တော့
အစကတည်းကရိပေါ်ကိုကိုယ်အရင်ချစ်ခဲ့တာ"

"ကျွန်တော်မသိဘူး ရိပေါ်ကကျွန်တော်ကိုဘဲကြိုက်တာ"

"ရှောင်းပိုင်!
ကိုယ့်ကိုစိတ်အနှောင့်ယှက်မပေးပါနဲ့လားကွာ
မင်းတူမျက်နှာထောက်ပါဦး"

"ဝမ်ဝမ်ကတကယ်ဆိုကျွ‌န်တော့်သားဖြစ်ရမှာ
ကောလုပ်လို့ ကောပြန်မလာခဲ့ရင်ရိပေါ်နဲ့ကျွန်တော်လက်ထပ်နေပြီးလောက်မှာ
ကောအမွေမက်လို့ပြန်လာခဲ့တာမလား
ကောကရိပေါ်အမွေမက်တာ ရိပေါ်ပိုင်ဆိုင်မှုတွေမက်တာ"

"ဟုတ်တယ် ငါမက်တယ်
ငါ့မှာကအခွံဘဲရှိတယ် ငါ့မှာငါ့ကိုအမွေပေးမယ့်မိသားစုမရှိဘူး
ငါ့သားကိုငါ့လိုမဖြစ်စေချင်ဘူး ဝမ်ဝမ်ကရိပေါ်သားကြီး
ရိပေါ်ရဲ့ပိုင်ဆိုင်မှုတွေကိုငါ့သားဘဲရစေချင်တယ်
ငါ့သားကိုရိပေါ်ရဲ့တရားဝင်သားဖြစ်စေချင်လို့ငါပြန်လာခဲ့တာ"

"ခင်များ! ခင်များမထင်ရဘူးဘဲ"

"ရှောင်းပိုင်မင်းသွားပါတော့
ငါမင်းနဲ့ငြင်းချင်စိတ်မရှိဘူး
မင်းကငယ်ငယ်ကတည်းလိုချင်တာရခဲ့လို့အဲ့လိုခံစားနေရတာ
ရိပေါ်ကိုငါအတင်းရွေးချယ်ခိုင်းခဲ့တာမဟုတ်ဘူး
ဒါပေမယ့်ငါရိပေါ်ကိုလိုချင်တယ်
ရိပေါ်ကိုအဆုံးရှုံးမခံနိုင်ဘူး
မင်းသိပါတယ် ငါမင်းနဲ့ဘယ်တုန်းကမှမပြိုင်ခဲ့ဘူး
ငယ်ငယ်ကတည်းကမင်းကိုအမြဲတမ်းအလျှော့ပေးခဲ့တယ်
ငါရတာလေးနဲ့ကျေနပ်ခဲ့တယ်
ဒါပေမယ့်ရိပေါ်ကိုတော့မရဘူး
ငါတို့ကိုလွှတ်ထားပေးပါတော့ရှောင်းပိုင်!"

"‌ကျွန်တော်လည်းရိပေါ်ကိုအဆုံးရှူံးမခံနိုင်ဘူး
ကျွန်တော်ကြိုးစားပြီးပြီ
ကောဆီမှာလည်းအရှုံးမခံနိုင်ဘူး
ကျွန်တော်လည်းကောလိုခန္ဓာမျိုးရှိတာဘဲ
ရိပေါ်ရဲ့ကလေးတစ်ယောက်မွေးပြီးကောလိုချဉ်းကပ်လိုက်ရုံပေါ့"

"ရှောင်းပိုင်!"

"ကျွန်တော်သွားပြီ"

ရှောင်းပိုင်ထွက်သွားတော့ရှောင်းကျန့်စိတ်မောလူမောဖြစ်ကျန်ခဲ့သည်။ တစ်နေကုန်အလုပ်လုပ်တာမပင်ပန်း။ အခုမှရင်ထဲမှာနွမ်းချိပြီးလူကမလန်းနိုင်တော့။ ရှောင်းပိုင်ကပြောတဲ့အတိုင်းလုပ်ရင်သူဘာလုပ်ရမလဲ။ ရိပေါ်ကိုရောရှောင်းပိုင်နဲ့မပတ်သတ်ဖို့ဘယ်လိုနားချရလဲ။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now