Chapter 33:အိမ်မက်ဆိုး(5)

Start from the beginning
                                    

သို့သော် ထိုကဲ့သို့ကမ္ဘာပြိုမတတ်ဘေးဆိုးကြီးကို ကြုံရလိမ့်မည်ဟု မည်သူကတွေးထင်ထားမိမည်တဲ့လဲ?

ဖခင်အရင်းက လူသတ်သမားဖြစ်လာသဖြင့် ကလေးက ဘာဆက်လုပ်သင့်လဲ?

သူ့ကိုတခြားလူတွေ ဘယ်လိုထင်ကြမလဲ?

"ရန်ရန်! အများကြီးမတွေးနဲ့နော် အန်တီရဲ့နေရာမှာကောင်းကောင်းအနားယူလိုက် သေချာလေးအနားယူပြီး စောင့်လိုက် အချိန်ခဏလောက်စောင့်လိုက်ပါ.......အနာကျက်သွားတဲ့အခါ.......နာကျင်မှုကိုမေ့လိုက်တော့!"

ကျန်းဖန်းသည်အမာရွတ်များပြည့်နေသောခန္ဓာကိုယ်နှင့် အုံ့မှိုင်းနေသောမျက်ဝန်းများကိုကြည့်ရင်း ရင်ဘတ်ထဲမှဆိုနင့်လာသော ဝေဒနာကိုမခံနိုင်တော့ဘဲ လီချင်းရန်ကိုပွေ့ဖက်ကာမျက်ရည်များကျလာတော့သည်။

သူမ၏ရင်ခွင်ထဲ၌တင်းကြပ်စွာပွေ့ဖက်ခံထားရသော လီချင်းရန်၏ဝိညာဉ်ပျောက်နေသလိုမျက်ဝန်းထဲ၌တောက်ပသောမီးပွါးလေးတစ်ခုကပေါ်လာသော်လည်း အဆုံးတွင်မျက်ရည်ပူများအဖြစ်သို့ ပြောင်းလဲသွားပြီး သူမ၏ပခုံးပေါ်သို့ဖြည်းညှင်းစွာ စီးကျလာတော့သည်။

မိုးရွာနေသည်က သုံးရက်ရှိနေလေပြီ။လွန်ခဲ့သည့်သုံးရက်အတွင်း လီချင်းရန်၏စိတ်အခြေအနေသည်တိုးတက်လာသည် လက္ခဏာမပြခဲ့ပေ။

နေ့တိုင်းသူသည်ကုတင်ထောင့်တွင် တစ်ယောက်တည်းလဲလျောင်းကာ ပြတင်းပေါက်မှမိုးရေစက်များကိုကြည့်နေတတ်လေသည်။

သူ၏ထိုပုံစံကဝမ်တဟူအား "တုန်လှုပ်ခြောက်ခြား"သည့်ခံစားချက်ကို ပေးစွမ်းနေခဲ့လေသည်။ထိုခံစားချက်များကြောင့် ဤဘဝတွင်ချစ်ခြင်းမေတ္တာမရှိတော့သလို၊သေခြင်းတရားကိုမကြောက်ရွံ့တော့သော ထိုမျက်ဝန်းများက ယခင်ဘဝသူ၏အုတ်ဂူရှေ့တွင်မိမိကိုယ်ကိုသတ်သေခြင်းမပြုသေးမီက လီချင်းရန်ကိုသတိရမိသွားစေခဲ့၏။

ထို့ကြောင့် သူတစ်ခုခုလုပ်လိုက်မည်အားစိုးရိမ်သဖြင့် ဝမ်တဟူသည်အချိန်တိုင်း၊စက္ကန့်တိုင်းတွင်သူ့အား အနီးကပ်စောင့်ကြည့်နေခဲ့လေသည်။

Reborn Only to Love You Again || ဘာသာပြန် 《Completed》Where stories live. Discover now