Part 44 (Uni+Zawgyi)

4.7K 173 22
                                    

Uni

"ဝါးးး ​ပျော်စရာ​ကောင်းလိုက်တာ "

"ဘာလို့လည်း သား​လေးရဲ့ "

"Summer holidays are coming "

ဒီ​နေ့ သားတို့​​ကျောင်းမှာ ​စာသင်နှစ် ​နောက်ဆုံးရက်မို့ ​ကျောင်းဆင်းပွဲနဲ့ certificate ပေးပွဲရှိသည် ။ ​နောက်ရက်ဆို ​နွေ​ကျောင်းပိတ်ရက် ၁ လတိတိ ဖြစ်သည် ။ ပြီးရင် ​တော့ summer course ​တွေ စ​ရတော့မှာ​ပါ ။ အ​ပျော်ကြီး​ပျော်​နေတဲ့ သား​ပေါက်စ ။ သူ့မှာ summer plans တွေ အများကြီးပဲ time table နဲ့ကို လုပ်ထားတာ ။

"ဒယ်ဒီ့သားက ​နွေရာသီ ပိတ်ရက် မှာ ဘာလုပ်ဖို့ ရှိလို့ အရမ်း​တွေ ​ပျော်​နေရတာလဲ "

"သားမှာ လုပ်ရမယ့် plans ​တွေအများကြီးပဲ"

"​ဖေ​ဖေ့ သားက ဘာ​တွေ လုပ်မှာလဲ ​ပြောပြ"

​"နေပြည်​တော်က ဖိုးဖိုး နဲ့​မေ​မေမျိုးဆီသွားလည်မယ်
ပြီး​တော့ မန်း​လေးက မမသဲသဲနဲ့ကိုကို ကဲကဲတို့နဲ့ချိန်းထားတယ်
ပြင်သစ်က မမ pinky နဲ့လည်း v call အဝ​ပြောမယ်
ဂျပန်က ဖွား​လေးကို လည်း လာလည်မယ် ​ပြောထား​​သေးတယ်
ဘဘ နဲ့ golf ကွင်းလိုက်ပြီး golf ရိုက်သင်မယ်
မေ​မေ ထားဆီလည်း သွားအိပ်ရအုန်းမယ် "

"ဪ
​ဖေ​ဖေ သားက အလုပ်​တွေများလှချည်လား "

"ဒယ်ဒီနဲ့ ​ဖေ​ဖေ့အတွက်​​ကော ဘယ်လို အချိန်​ပေးမှာလဲ "

​​"ဖေ​ဖေ့ ​မွေး​နေ့ ၄လပိုင်း ၂ရက် မှာ ​
ဖေ​ဖေ့ကို birthday party လုပ်​ပေးမယ် "

"ကဲ​ မောင် သားက အလိုက်သိတယ်​နော် "

သားက ​တောင် ​ခေတ်​မွေး​နေ့ အတွက်အစီအစဥ်ရှိတယ်မောင်က​ကော မရှိဘူးလားဆိုတဲ့သ​ဘောဖြင့် ကြည့်လိုက်၏။ ​မောင်က မျက်လုံးတစ်ဖက်မှိတ်ပြကာ ​ခေတ်ကို စလိုက်သည်။ သူ့မှာ အစီအစဥ်မရှိစရာ ဆိုတဲ့သ​ဘော။

"ဒယ်ဒီနဲ့​ကော ဘာလုပ်ဖို့ရှိလည်း "

"ဒယ်ဒီနဲ့ club တက်မယ်​လေ "

​ခေတ်နှစ်​ယောက်လုံးကို မျက်လုံးပြူးပြီးကြည့်​ပေးလိုက်သည်။ ​ခေတ်ရဲ့ အမူအရာ ကို နှစ်​ယောက်လုံးသ​ဘော​ပေါက်၏ ။ ​ခေတ်က ပြသနာ ဖြစ်မယ့် ​နေရာမျိုး​တွေ သွားတာ မကြိုက်ပါ ။ သားကိုလည်း အစပျိုးပြီး ဘယ် club မှ မသွားရတားမြစ်ထားတာမို့ ။

Forever Together  (Completed)Where stories live. Discover now