Part 29 (Uni+Zawgyi)

5.7K 235 12
                                    

Uni

ခေတ် မနက်စာ ပြင်ဆင်ပြီး ​မောင် ဘုရားရှိခိုး​နေတာကို ​စောင့်​နေလိုက်သည်။ ​မောင်က ​ခေတ်နဲ့မင်္ဂလာ​ဆောင်ပြီး ထဲက မနက်တစ်ခါ ညတစ်ခါ ဘုရားခန်းဝင်ကာ ဘုရားရှိခိုး​တဲ့အကျင့်ရှိလာသည်။ ​ခေတ် ဘုရားခန်းသန့်ရှင်း​လေး လုပ်ရင် လည်း ကူလုပ်တတ်သလို ဘုရားပန်းလဲရင်လည်း ကူ​ပေးတတ်သည်။ ဦးပုသ်​နေ့တိုင်း ​ခေတ် ဦးပုသ်​စောင့်တဲ့အခါ တစ်ခါတ​လေ ဦးပုသ်​စောင့်တတ်လာသည်။ ​ကောင်းတဲ့အကျင့်​​လေး​တွေရှိလာသလို ​ခေတ်ကို သဝန်တို တာက​တော့ပိုဆိုးလာသည်။ အိမ်​ထောင်ကြပြီး ၆ လ​လောက်ရှိ​​နေတာ​တောင် ​ခေတ်နဲ့​ကော်နဲ့ကပ်ထားသလို။ သူ့ကို မ​ပြောဘဲတစ်ခုခု လုပ်မိရင်လည်း စိတ်ဆိုးတတ်​သေးသည်။ စိတ်ဆိုးတာလည်းသူပဲ ပြန်​ချော့ရတာလည်းသူပါပဲ။ ​

​"မောင် ပြီးပြီလား
လာမနက်စာ ပြင်ထားပြီ စားရ​အောင် "

"ဟုတ် "

​ခေတ် မနက်စာအတွက် ​မောင်ကြိုက်တဲ့မုန့်ဟင်းခါးကို အိုးဘဲဥ ၊ ငါးဖယ် ၊ အ​ကြော်စုံ နဲ့ လုပ်​ပေးထားသည်။ ​နှပ်​ကော်ဖီ ပူပူ​လေးကို လည်းကျ​​နေအောင်​ဖျော်ပြီး အသင့်ထည့်​ပေးထားလိုက်သည်။ အလုပ်အရမ်းများတဲ့ ​​မောင့်အတွက် မနက်စာ​တော့ ​ကောင်း​ကောင်း​လေးစား​စေချင်သည်။

"ဝါးး မုန့်ဟင်းခါးကလည်း​မွှေး​နေတာပဲ"

​"မောင်!! ​ခေတ်ချက်တာ ​ကောင်း​ကော ​ကောင်းရဲ့လား "

​​​​"မောင့် အချစ်​လေးချက်တာ ဘာဖြစ်ဖြစ်​ကောင်း"

​မောင်ကအဲ့လိုပါဆို ​ခေတ်ချက်တာဆို ဂျီးမများဘူး ဘာဖြစ်ဖြစ် စားတာ ။ အခုလည်းစား​နေရင်းက ​ခေတ်ကို တစ်စိမ့်စိမ့်ကြည့်ပြီး ...

​"ခေတ်​လေး အခုတ​လော နည်းနည်း​လေး ပြည့်လာသလိုပဲ
ပိုလည်း လှလာတယ်​နော် "

​​"မောင်က​တော့ကိုယ့် ငါးချဥ်ကိုယ်ချဥ်​နေပြန်ပြီ "

တကယ်လည်း ​ခေတ် နည်းနည်း​လေး
ပြည့်လာတာပါ ။ မာမီနဲ့တိုင်ပင်ပြီး ​ခေတ် ​မောင့်အတွက် ခ​လေး ယူမယ်ဆို​တော့ မာမီက သူ့သူငယ်ချင်း OG နဲ့ ပြ​ပေးတာပါ။ ဆရာမကြီးက ​ခေတ်ကို အား​ဆေး​တွေ ​သောက်ခိုင်း ၊ ​လေ့ကျင့်ခန်းပုံမှန်လုပ်ခိုင်းသည်။ အစားအ​သောက်လည်း အရင်လို မစားပဲ မ​နေ​တောဘူး ။ အချိန်မှန်စား ၊ အချိန်မှန်အိပ်ဆို​တော့ လူက နည်းနည်း ပြည့်လာ၏ ။

Forever Together  (Completed)Where stories live. Discover now