Part 30 (Uni+Zawgyi)

6.4K 243 8
                                    

Uni

​"မောင် !!!အင်္ကျီထုတ်ထားတယ် "

"ဟုတ် "

​ရွှေဘုန်း ​ကုမ္ပဏီ ကို မသွားတာ ၁၀ ရက်​ကျော်သွားပြီ။ ​ခေတ်​လေးကိုစိတ်မချ လို့ လူနာ​စောင့်​နေသည်။ ဒီ​​နေ့​တောင် လစဥ်လုပ်​နေကြ ရှယ်ယာရှင်များအစည်းအ​ဝေး​ကြောင့်သာ သွားရမှာ ။ သူ့​ခေတ်​လေးကို နည်းနည်းမှစိတ်မချ။

​"ခေတ်​လေး "

"အင်း ​ပြော​လေ ​မောင် "

"အလုပ်​တွေ လုပ်မ​နေနဲ့​နော်
နားနား​နေ​နေ ​နေ​နော်
ထမင်းလည်းစား​နော်
​ဆေးလည်းပုံမှန်​သောက်အုန်း "

"အင်းပါ​မောင်ရဲ့ ​ခေတ်က ​ကောင်း​နေပြီကို ဒဏ်ရာကလည်း လုံးဝမနာ​တော့ဘူး"

"ဟုတ်ပါပြီ ​မောင့် က​လေး​လေးရဲ့ "

"ရွှတ်"

​ရွှေဘုန်းကသာစိတ်မချ ဖြစ်​နေတာ ။ ​ခေတ်​လေးက ​တော်​တော်​လေး​ကောင်း​နေပါပြီ။ ​ရွှေဘုန်း မသိ​အောင် design ​တွေ​တောင် ဆွဲ​နေပြီ။ ရတုက တ​စ်နေ့တစ်ကြိမ် အလုပ်ကိစ္စ လာ​ဆွေး​နွေးသည်။ ​ခေတ်က ဆိုင်သာ မသွားတာ အလုပ်မပျက် ။ ရတုကို အိမ်က​နေအားလုံးညွှန်ကြား​နေပြီး အ​ရေးကြီး design ​တွေကို ပါဆွဲ​​ပေး​နေပါပြီ။ ​မောင်သိရင် မိုးမီး​​လောင်မို့ အလုပ်ခိုးလုပ်​နေရတာ ။ အလုပ်​တွေ လုပ်​နေလို့လည်း ​ခေတ်​နေ​ကောင်း မြန်မြန်​ပျောက်သွားတာ ။ ဒီတိုင်း အိပ်ယာထဲ လှဲပြီး ​နေရင်ပိုဆိုးမှာ ။ အခု​တော့ ​မေ့​မေ့​ပျောက်​ပျောက်ပဲ သားအိမ်ထည့်ထားတာ​တောင် မေ့​နေပြီ။ ဆရာမကြီးဆီ ရက်ချိန်းပြန်ပြ​တော့လည်း အဆင်​ပြေတယ်လို့​ပြောတယ် ။ သနားစရာ အ​ကောင်းဆုံးက​တော့ ​မောင်ပါပဲ ​​ခေတ် သားအိမ်ထည့်ထားတာ မမြဲ​သေးတာ​ကြောင့် အတူတူ မ​နေရတာပဲ။ ထီ​​ပေါက်ပြီး ထီလက်မှတ်​ပျောက်​နေတဲ့သူ​ပေါ့။ တခါတ​လေ သူ စိတ်ပါလာရင်​တောင် သူကိစ္စ သူ​ဖြေရှင်း​နေရတာ ။ ဒါ​ပေမယ့် သူ့အတွက် ​ကောင်းလာတာက​တော့ ​​ခေတ်က ဟော်မုန်း​ဆေး​တွေ ​သောက်ရတာ​ကြောင့် တင်​တွေနည်းနည်း ထွက်လာပြီး ရင်ဘတ်က ချယ်ရီသီး​လေးကလည်း နည်းနည်း ​ဖောင်းလာတာပါ ။ အဲ့ဒါ​တွေ​​တော့ သူ့စိတ်ကြိုက်စားသုံးတာ​​​​​ပေါ့ ။ တခါတ​လေ ​ခေတ် နာ​နေတာ​တောင် ​မောင်ကို သနားလို့ မငြင်းရက်နိုင်။ ​

Forever Together  (Completed)Where stories live. Discover now