part 2 (Uni +Zawgyi)

12.5K 634 14
                                    

Uni

လွန်ခဲ့​သော ၇ နှစ်​လောက်က​ပါ။
ကျ​နော့်ဖေ​ဖေ နဲ့ ​မေ​မေ က တက္ကသိုလ်က ကထိက ဆရာ /ဆရာမ ပါ ။ ဝန်ထမ်းဆို​တော့ ​​နေရာစုံ​အောင်ပြောင်းရ၏။ ကျ​နော်တို့​မောင်နှမ နှစ်​ယောက်မှာ မိဘများ​ပြောင်းရာကိုလိုက်ရသည် ။ မမက တက္ကသိုလ် ဒုတိယနှစ်​ရောက်​နေ​တာ​ကြောင့်မေ​မေတို့​ပြောင်း မည့်​တောင်ကြီး တက္ကသိုလ်သို့ ​ပြောင်း​ရန် အဆင်​ပြေ​သော်လည်း ။ကျ​​နော်က တက္ကသိုလ်ဝင်တန်းဖြစ်​တာကြောင့် ​မေ​မေ ရဲ့ညီမ တီတီ​လေးနဲ့ ရန်ကုန်မှာသာ ကျန်ခဲ့၏။

တီ​လေးသည် ဂျပန် အ​ခြေဆိုက် NGO တစ်ခုတွင် project manager တ​စ်ယောက်ပါ။ကျ​နော့်ကို အစစ အရာရာ အဆင်​ပြေ​စေရန် ရန်ကုန်ရှိနာမည်ကြီး​သော private ကျောင်းတခု သို့ ​ပြောင်း​ပေးခဲ့သည်။

'' သား​ခေတ် ​လေး​​ရေ မြန်မြန် လုပ် ​ဟေ့
​ကျောင်းကား လာ​တော့မယ် ''

မနက်တိုင်း တီ​လေး ရဲ့ ​ခေါ်သံပါ ။ တီ​လေးက အလုပ်များသဖြင့် ကျ​နော့်အား ​ကျောင်း အကြို အပို့ လုပ်ရန် အဆင်မ​ပြေ ။ ​ကျောင်းကားဖြင့်သာ သွားရသည်။

'' လာပြီတီ​​လေး​ရေ''

အိမ်​ပေါ်ထပ်မှ ​ပြေးဆင်း လာကာ

'' ညက စာကျက်တာ ​နောက်ကျသွားလို့ပါ တီ​လေးရဲ့ ''

'' ​​​နောက်ကျတဲ့အထိ မ​နေနဲ့ သား​ခေတ်​ရေ ကျန်းမာ​ရေးထိ​ခိုက်​နေအုန်းမယ် ''

'' ဟုတ်တီ​လေး ''

တီ​လေး ပြင်​ထားပေး​သော breakfast ကို စားပြီး။  ထမင်းချိုင့်ခြင်းဆွဲကာ ​ကျောပိုးအိတ်​လေးလွယ်ပြီး ​အိမ်​ရှေ့ခုံ​လေးတွင် ကျောင်းကား​စောင့်​နေလိုက်သည်။

တကယ်ဆိုညပိုင်းစာကျက်ပြီးချိန်တွင် ကျ​​နော်
ဝါသနာပါ​သော အင်္ကျီ design ဆွဲခြင်းများကို online မှာသင်ယူ​နေခြင်းဖြစ်သည်။

ကျ​နော် ၈တန်း ​နွေရာသီ​ကျောင်းပိတ်ကတည်းက စက်ချုပ် အ​ခြေခံကို ​မေ​မေ ဆီမှ သင်ယူခဲ့သည် ။ ​မေ​မေသည် ကျ​နော့်
လက်ဦးဆရာပါ ။အခုဆိုရင် ကျ​နော် စက်ချုပ် အ​ခြေခံ ကို ​သေ​သေ သပ်သပ် တတ်​မြောက်​နေပြီ။ ကျ​နော့် အင်္ကျီ များအပြင်အားရင် တီ​လေး ကိုပါ ချုပ်​ပေး ဖြစ်သည်။

Forever Together  (Completed)Where stories live. Discover now