အပိုင်း(၄၆)

Mulai dari awal
                                    

"Good ..အစ်ကိုအားပေးတယ် ၊ ဖေဖေ ရှိသေးတယ်လေ ပြန်ရမှာပေါ့၊ အတိတ်တွေကိုလွတ်ချနိုင်သမျှ လွတ်ချပါ ပြီးရင် အနာဂတ်နေ့ရက်တွေကို အကောင်းဆုံးရှင်သန်ပါတဲ့၊အစ်ကို လိုက်ပို့ပေးမယ် နယ်မြို့အထိ"

" မလုပ်ပါနဲ့ အစ်ကိုရာ....ကျွန်တော်ဘာသာ ပြန်ပါ့မယ် ...အားနာလှပါပြီ"

" ဘာလဲ၊ ကောင်းပြည့်ဇာတိကို အလည်မခေါ်ချင်တာလား ကွ"

မဟုတ်ရပါဘူး အစ်ကိုရယ်လို့ ခပ်မြန်မြန် ဖြေရှင်းမိတယ်။ အစ်ကိုက ကျွန်တော်ကျေးဇူးရှင်တစ်ယောက်ပါ ခုထိလည်း အစ်ကိုတို့ အကူအညီ အောက်ကမလွတ်သေးပါဘူး။ ကျွန်တော် ရန်ကုန်ထိ အစ်ကိုနဲ့လိုက်ရမယ်၊ ဟိုလူယုတ်မာက ဘယ်ချိန်ထိ ကျွန်တော်အနား နတ်ဆိုးတစ်ကောင်လို့ ရှိနေမလဲ မသိရသေး။ အင်အားကြီး ဓနရှင် ပီသစွာ ငွေအင်အား ၊ လူအင်အားအပြည့်ကိုသုံးပြီး ကျွန်တော်တို့သားအဖကို မျက်ခြေမပြတ်ကြည့်နေမယ်ဆိုတာ သိတယ်။ အစ်ကိုတည်မြဲနဲ့ ရန်ကုန်ထိလိုက်ရင် ကျွန်တော်သားအဖ ပိုအဆင်ပြေမယ်ထင်လို့၊ လုံခြုံမယ်ထင်လို့၊ အားကိုမိတာပါ အစ်ကိုရယ်။ မမက ကိုမင်းမြတ်ဟန်သာနဲ့ အိမ်ထောင်ပြုမယ် ပြောတုန်းကဆို ကျွန်တော်ကို မိုးကြိုးဆယ်စင်းပစ်ချခံရသည့်အလား ရုတ်တရက် အသက်မရူနိုင်ခဲ့ဘူး။

ဘယ်ဘဝက ဘယ်အကုသိုလ်လုပ်ခဲ့လို့ ကျွန်တော် ဒီမိသားစု ကနေ မထွက်နိုင်နေတာလဲလို့ ပြန်တွေးမိတိုင်း ရင်နာမိသည်။ မမက ကျွန်တော် ဒုတိယ မိသားစုဖန်တီးကယ်တင်ခဲ့တဲ့သူကို ဟိုလူယုတ်မာအိမ်တေည်ကို မမ ကို မပို့နိုင်ဘူး၊ ဒါပေမယ့် ကျွန်တော် ဘာတက်မလဲ၊ ဘာအင်အားတွေနဲ့ ငြင်းဆန်ရမလဲ။ ဘယ်အရာတွေနဲ့ မမတို့ကို တားဆီးနိုင်လိမ့်မလဲ ။ ဖြစ်ချင်တာ ကို မဖြစ်ရတဲ့ အခြေအနေမှာ ဖြစ်သင့်တာကို အကောင်းဆုံးလုပ်ရုံကလွဲ ကျွန်တော် ဘာတက်နိုင်မလဲ။ မမ မဂ်လာပွဲပြီးရင် နယ်မြို့ကိုပြန်ဖို့မမ ကို ကြည့်ပြောရမှာပဲ၊ မမ လက်မခံပေမယ့် မမ မငြင်းလောက်ပါဘူး ။ ဆရာကလည်း လက်ခံမှာပါ ၊ သူ့မြေး အတွက် သူ့အဖိုးကို တွေ့ခွင့်ပေးမယ် ထင်မိသည်။ မမ ဘဝ သာယာစေဖို့ ကျွန်တော်အမြဲ ဆုတောင်းနေမိသည်။

ချစ်ခြင်းတို့အလွန် Tempat cerita menjadi hidup. Temukan sekarang