အပိုင်း (၃၁)

16.7K 835 39
                                    

ခွမ်းးးးးးးး

"အ.....အစ်ကိုက....ဒါ.....ဒါဆို....."

"ကလေးငယ်......."
"ညီလေး....."

"ဖြေ ...ပေးပါဗျ...အစ်ကိုက ..မမရဲ့ချစ်သူ Jack လား .....ဟင်..."

ကိုမင်းမြတ်ဟန်သာရဲ့ ထင်သာမြင်သာစေတဲ့ ခေါင်းညိတ်ဖြေကြားမူတို့ကိုသိရပြီးတဲ့နောက် ကျွန်တော်မြင်လာပြီ၊ ကျွန်တော်ကြားရပြီ၊ ကျွန်တော်သိလာရပြီ။ ကန်းနေသော နားတွေ ၊ မမြင်နိုင်သော အမြင်၊ မတွေးနိုင်လောက်အောင် အချစ်ဆိုတဲ့ အရာအောက်မှ မှောင်မိုက်နေသော ကျွန်တော် ငရဲခန်းဘဝကနေ လွတ်လာပြီ ။ တကယ်ကို ငရဲခန်းက လွတ်ထွက်တော့မည်။ ငရဲကြီး ၈ထပ် ထဲက ဘယ်အထပ်ကို ကျ မှန်းမသိ ကျ နေတဲ့ ကျွန်တော်၊ အခု အားလုံးကို သိမြင်ခံစားလို့ရပြီ။ အမြင်မှန်ကို မြင်နိုင်ပြီ၊ ပတ်ဝန်းကျင်က အသံကိုကြားရပြီ၊ အမှန်နှင့်အမှားကိုခွဲခြားတက်ပြီ။ ကျွန်တော်က လိမ်ခံခဲ့ရတာပါ့လား ဆိုတဲ့ မှန်သော အမှန်တရားကို ကျွန်တော်ခု သိမြင်ခွင့်ရပြီ။ ကျွန်တော်လွတ်လပ်ပါပြီ " အချစ်ဆိုတဲ့အရာနှင့် သူကို ဘုရားအမှတ် ထင်ပြီး မမြင်နိုင်၊ မကြားနိုင်၊ မခံစားသိိိနိုင်အောင် ကိုးကွယ်ခဲ့တဲ့ကျွန်တော် ခု အဲ့ဒီ အချစ်ကျွန်ဘဝက လွတ်ပြီ"။ ကျွန်တော်က ရည်ရွယ်ချက်ရှိရှိ ကစားတာခံနေရသောဘဝ ၊ သူကြိုးဆွဲရာ က ခဲ့ရသော ရုပ်သေးဘဝ။ ဟားးးးးးးး

"အော်...ဟုတ်..ဟုတ်ကဲ့...သိရပါပြီ....ကျွန်တော် အား..အားလုံးကို နားလည်ပါပြီ။ ကျွန်တော်ကပဲ ..မမ ကိုယ်စား တောင်းပန်ပါတယ်။ မ...မမက လွန်ခဲ့တဲ့..နှစ်က ..ဆုံးပါးသွားခဲ့ပါပြီ...ဒီကို လာ...လာမတောင်းပန်နိုင်တော့ပါဘူး။ အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်။အားလုံး..ကျေ...ကျေနပ်ပေးကြပါ။ မ..မမကိုလည်း ...ဘဝ ခြားသွားပြီမို့...လွတ်လပ်ခွင့်..ပေး....ပေးပါ ။ ဖြစ်ခဲ့သမျှ ..အားလုံးကို ကျွန်တော်ကပဲ ..တောင်းပန်ပါတယ်"

"မ.ဟုတ်ပါဘူ...ကလေးငယ်.....ကို..ကိုကိုရှင်းပြ...."

"ညီလေး..."

"တောင်းပန်ပါတယ်...အားလုံးကို အနူးအညွှတ်တောင်းပန်ပါတယ်....သွားခွင့်ပေးပါဗျ ၊ အားလုံးကို တောင်းပန်ပါတယ်..."

ချစ်ခြင်းတို့အလွန် Where stories live. Discover now