𝟵. 𝗠𝗼𝗻𝘀𝘁𝗲𝗿

Start from the beginning
                                    

ညားခါစ ကြင်စဦးမောင်နှံဖြစ်ပေမယ့် သူမမှာ တခြားမိန်းကလေးတွေလို ပြုံးပျော်နေရခြင်းမရှိခဲ့။ ဒါဟာ သူမအမျိုးသားကြောင့်လားဆိုတော့လည်းမဟုတ်။ သူမ ခင်ပွန်းဟာ သူမအား ချစ်ခင်မြတ်နိုးလို့ လက်ထပ်ထိမ်းမြားယူခဲ့ခြင်းဖြစ်သလို စိတ်ဆင်းရဲရအောင် ပြုမူဆက်ဆံမယ့်သူမျိုးမဟုတ်။ ဒါဆို သူမ မျက်နှာပေါ်က အပြုံးတစ်ပွင့် မပွင့်လန်းလာရခြင်းဟာ ဘာကြောင့်များဖြစ်မလဲ။

"နင်ဘယ်သွားသွား နင့်နောက်ကို မကောင်းဆိုးဝါးက လိုက်နေမှာ.."

အတိတ်က စကားသံတစ်ချို့ဟာ တိတ်ဆိတ်တဲ့ လေယာဉ်ထဲမှာ ကျယ်လောင်စွာ ကြားယောင်လာရသည်။ သူမ မပျော်ရွှင်ရခြင်းဟာ အတိတ်က ပြုမူခဲ့တဲ့ လုပ်ရပ်တွေကြောင့်ပဲဆိုတာ သေချာသည်။ အပျိုဘဝတုန်းက သူများမိန်းကလေးတွေလို လှပသေသပ်စွာ ဖြီးလိမ်းပြင်ဆင်ခြင်းမရှိခဲ့ရပဲ နတ်ဆရာမဖြစ်တဲ့ သူမအမေရဲ့ စေခိုင်းမှုကြောင့် နေ့တိုင်းလိုလို စိတ်ဆင်းရဲသောက ရောက်ခဲ့ရသည်။ နောက်ပိုင်း အမေဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ ဒီမျိုးရိုးကိုပဲ ဆက်ခံရမယ်ဟုဆိုကာ သူမအားလည်း အတင်းအကျပ် နတ်ဆရာမတစ်ယောက်ဖြစ်စေခဲ့သည်။ ဆင်းသက်လာတဲ့မျိုးရိုးအရရော၊ အမေဖြစ်သူရဲ့ ခိုင်းစေချက်တွေနဲ့ အကူအညီပေးခဲ့ရမှုတွေကြောင့် သူမအတွက် နတ်ဆရာမတစ်ယောက်ဖြစ်လာဖို့ဆိုတာ မခဲယဉ်းခဲ့။

နေလာရင်းနဲ့ ပညာတူခြင်း လာယှဉ်ပြိုင်တဲ့အခါမျိုးတွေရောက်လာတဲ့အခါမှာ သူမအတွက် အခက်အခဲဆုံးအချိန်တစ်ခုကို ရောက်ရှိလာခဲ့သည်။ အမေဖြစ်သူလက်ထပ်ကတည်းက သူမအမေအား မကျေနပ်ခဲ့တဲ့ ပညာရှင်အချင်းချင်းဟာ သူမအလှည့်ကျမှ လာရောက်ပုတ်ခတ်လာတော့သည်။ သူတို့ပညာကို ငုပ်လျှိုးဖုံးကွယ်ပြီး သူမအား အစီအရင်တစ်ခု လုပ်ခိုင်းခဲ့သည်။ အခကြေးငွေက များလို့ သူမလည်း တတ်နိုင်သလောက် လုပ်ဆောင်ပေးခဲ့ပေမယ့် ပညာလာစမ်းကြတဲ့ ပြိုင်ဘက်တွေကြောင့် အမှားဘက်ကို ကူးသွားခဲ့ရသည်။ ထိုစဉ်မှာ အပြစ်တင်ပြောဆိုလာတဲ့ စကားတွေ ရှိလာကြပြီး သူမအား ကျိန်စာတိုက်ကြသည်။

ဘဝရဲ့ ခက်ခဲလှတဲ့ ထိုအချိန်ကာလကို သူမတစ်ယောက်တည်း ဖြတ်ကျော်လာပြီးတဲ့နောက်မှာ နတ်ဆရာမဘဝကို စွန့်လွှတ်ခဲ့ပြီး အမှတ်မထင်တဲ့ အလှည့်အပြောင်းတစ်ခုကြောင့် အိမ်ထောင်ပြုဖြစ်ဖို့ အကြောင်းဖန်လာသည်။ နတ်ဆရာမအဖြစ်က သူမကိုယ်သူမ နှုတ်ထွက်လိုက်ပေမယ့် တစ်ခါမှားခဲ့တဲ့အမှားကတော့ သူမရဲ့ဘဝတစ်လျှောက်လုံးမှာ အရိပ်မည်းတစ်ခုလို လိုက်လာခဲ့သည်ထင်သည်။

𝐈'𝐦 𝐲𝐨𝐮𝐫 𝐏𝐬𝐲𝐜𝐡𝐨 || 𝐘𝐮𝐦𝐚𝐫𝐤Where stories live. Discover now