Jaywon special (Love & Sweet)

Start from the beginning
                                    

"ဟင်"

"ဟို.........ဟို....မဟုတ်ဘူးလား ကျွန်တော့်ကို တန်ဖိုးမထားဘူးလား"

"မ..မဟုတ်..."

"အဲ့တော့ ပြောပါဦး ကျွန်တော့်ကို အရာအားလုံးလက်ခံပြီး ချစ်ပေးမှာလား"

"ချစ်ပေးမှာပေါ့ကွာ"

"ကတိပေးလား"

"ကိုယ်က ကတိတစ်ခုကိုလွယ်လွယ်နဲ့ပေးတတ်တဲ့လူစားမျိုးမဟုတ်ရပါဘူး ဒါကြောင့် ကိုယ်ပေးတဲ့ကတိကလည်း ဘယ်တော့မှအလိမ်အညာတစ်ခုမဟုတ်ဘူးဆိုတာ မင်းလေးသိထားစေချင်တယ်"

"အစထဲက အပြောကြီးတဲ့လူတွေဆိုတာ ယုံကြည်ရတာမဟုတ်ဘူးမလား"

"အင်း ကိုယ်ကလွဲပြီးတော့...ကျန်တဲ့သူတွေကို မင်းလေး ယုံကြည်လို့မဖြစ်ဘူး"

"ဘာလို့"

"ကိုယ်က ပတ်ခ်ဂျုံဆောင်းမို့လို့ ယုံကြည်လို့ရပြီး ကျန်တဲ့သူတွေက ပတ်ခ်ဂျုံဆောင်းမဟုတ်တာမို့ မယုံကြည်အပ်တဲ့ထဲပါတယ်"

"ဟားဟား"

"ကိုယ်အတည်ပြောနေတာပါ"

"ကျွန်တော်လဲအတည်ပြောမယ်...."
"ပတ်ခ်ဂျုံဆောင်းကို......... ချစ်တယ်"

"ဟင်...တကယ် ပြောတာလား"

"အင်း"

"ကိုယ်နားကြားမှားတာမဟုတ်ပါဘူးနော်....? အား ပျော်လိုက်တာ!! ဒါဆိုအခု မင်းက ကိုယ့်ကို လက်ခံလိုက်ပြီပေါ့...? ရက်စ်!!"

စိတ်လွတ်လက်လွတ်အော်ရင်း ပြေးလွှားခုန်ပေါက်နေတဲ့ ပတ်ခ်ဂျုံဆောင်းက မူကြိုကလေးတစ်ယောက်နှယ်။

ဂျောင်၀န်းကတော့ ချစ်ရည်ရွှမ်းသောအကြည့်တို့နှင့်ကြည့်ကာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိလေရဲ့။

အနည်းငယ်မောသွားပုံရတဲ့ ဂျုံဆောင်းက အမောတော်ပြေစေရန်အလို့ငှာ မြတ်နိုးရာလေးရှိရာဆီသို့ လျှောက်လှမ်းလာသည်။

သားကို ချစ်တဲ့ အမေတစ်ယောက်ရဲ့ မျက်၀န်းတို့နှင့် ဆုံလိုက်လေတော့ ရီရခက် ငိုရခက်။

"ဂျောင်၀န်း~"

နူးညံ့ညံ့ ချွဲပျစ်ပျစ် ‌ထိုခေါ်သံက ကျိန်းသေပေါက်ကို သူ့မြတ်နိုးရာလေးအတွက် သီးသန့်။

-ဆု-|Prize|/JAY AND JUNGWON/ [complete]Where stories live. Discover now