"ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ"
Part- 2
For unicode"ပါးပါး ဝမ်ဝမ်ဗိုက်ဆာနေပီ"
ရှောင်းကျန့်ကlong dayတစ်နေ့လုံးဆင်းထားရပြီးနောက်ကျမှအိမ်ပြန်ရောက်လာတယ်။ နောက်ကျမှအိမ်ပြန်ရောက်တော့ညစာချက်ချိန်လည်းနောက်ကျတယ်။ ဝမ်ရိပေါ်ကကလေးချီထားရင်းရှောင်းကျန့်အလုပ်ရှုပ်နေတာကိုမျက်မှောင်ကုတ်ကာကြည့်နေတယ်။ သူလည်းဗိုက်ဆာနေပြီဆိုပေမယ့်ထိန်းချုပ်နိုင်သေးတယ်...
"ကလေးကအရင်နှစ်တွေတုန်းကလည်းဒီလိုနောက်ကျမှစားရတာလား"
"သူ့အတွက်အဆာပြေမုန့်တွေလုပ်ပေးထားတယ်လေ"
ဝမ်ရိပေါ်ကပိုပြီးအလိုမကျဖြစ်သွားပြီးမျက်နှာမဲသွားတယ်။ သူ့ကလေးကိုခိုးသွားပြီးဖြစ်သလိုထားရဲတယ်။
"နာနီမခေါ်ဘူးလား
ခင်များမှာပိုက်ဆံမရှိတော့လို့လား"ဝမ်ရိပေါ်ကရှောင်းကျန့်တို့မိသားစုအကြောင်းအတွင်းကျကျသိတယ်။ ရှောင်းကျန့်လိုတရားမဝင်သားတစ်ယောက်ကိုရှောင်းမိသားစုကလည်းဂရုစိုက်မနေတော့ဘူး။ ရှောင်းကျန့်ကမပြောမဆိုနဲ့နိုင်ငံခြားထွက်သွားတော့မိသားစုထဲကခွဲထွက်သွားသလိုဖြစ်သွားခဲ့တယ်။
ရှောင်းကျန့်ကလက်ကလည်းအသီးတွေကိုလှီးနေရင်းကျွမ်းကျင်စွာမြန်မြန်ဆန်ဆန်ဘဲချက်ပြုတ်နေတယ်။ ပြီးမှဝမ်ရိပေါ်ဘက်လှည့်ဖြေတယ်။"နာနီနဲ့အဆင်မပြေဘူး
ကိုယ် ကလေးတစ်နှစ်သားအရွယ်မှာအလုပ်ပြန်လုပ်တယ်
ဝမ်ဝမ့်ကိုနာနီနဲ့ဘဲထားခဲ့ရတယ်
ဒါပေမယ့်ဝမ်ဝမ့်ကိုစိတ်မချလို့အိမ်မှာတိတ်တိတ်လေးစောင့်ကြည့်ကင်မရာတပ်ထားခဲ့တယ်
အစတုန်းကတော့အလုပ်ရှုပ်လို့ပြန်မကြည့်ဖြစ်ဘူး
ဒါပေမယ့်ဝမ်ဝမ်ကတစ်ရက်ထက်တစ်ရက်ကိုယ့်ကိုဂျီကျလာပြီး ကိုယ်အလုပ်မသွားနိုင်အောင်အထိကိုယ့်အကျီစကိုဆွဲထားတယ်
သူကစကားလည်းမပြောတတ်တော့သူအထီးကျန်နေတာကိုပြောမပြတတ်ခဲ့ဘူး"ရှောင်းကျန့်ကပြောရင်းအဲ့တုန်းကကိစ္စတွေကိုအတွက်ပေါ်သွားပြီး မျက်ရည်တွေတောင်ဝဲလာခဲ့တယ်။ သူ့သားလေးကိုသနားလွန်းလို့ ဝမ်ဝမ်လေးစိတ်ဒဏ်ရာရသွားမှာကိုသူအရမ်းစိတ်ပူခဲ့တယ်။ သူအသုံးမကျခဲ့လို့..
YOU ARE READING
ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)
Fanfictionရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားခဲ့တယ်.. ဒါပေမယ့်သူဝန်ခံတဲ့နေ့မှာဘဲသူ့ညီနဲ့ထိုကောင်လေးကချစ်နေကြပြီတဲ့..။ သူကသူ့ခံစားချက်တွေကိုလှောင်ပြောင်ခဲ့တဲ့သူ့ညီနဲ့ဝမ်ရိပေါ်ကိ...