‌ရှောင်းကျန့်ကဝမ်ရိပေါ်ရေချိုးနေတုန်းဝမ်ရိပေါ်ဝတ်မယ့်အဝတ်အစားတွေနဲ့ showcaseထဲကခါးပတ်တွေနာရီတွေပါအဆင်သင့်ထုတ်ထားပေးခဲ့လိုက်တယ်။ သားကိုမူကြိုပို့ရမှာမို့အရင်နေ့တွေလိုအရောင်မှိုင်းမှိုင်းshirtတွေအစားအပြာရောင်ရှပ်လက်ရှည်ကိုဘဲထုတ်‌ထားပေးခဲ့လိုက်တယ်။ ဒီအရောင်လေးနဲ့ဆိုဝမ်ရိပေါ်ရဲ့အရှိန်အဝါတွေတော်တော်လျှော့သွားမှာ..

"လောင်ကုန်း! ကိုယ်သွားပြီနော်"

"ခင်များ!"

ရေချိုးခန်းထဲကဝမ်ရိပေါ်မှာထိုအသံကြောင့်ဆပ်ပြာတွေနဲ့ပွတ်တိုက်ခံထားရတဲ့နေရာကလျင်မြန်တုံ့ပြန့်လာခဲ့တယ်။ ဝမ်ရိပေါ်သူ့ကိုယ်သူစိတ်ပျက်သွားပြီးရေအေးအေးတွေနဲ့အကြာကြီးရေချိုးပစ်လိုက်တယ်။

ဝမ်ရိပေါ်အဝတ်လဲနေတုန်းအခန်းထဲကိုဆံပင်စုတ်ဖွားနဲ့ကောင်ငယ်လေးကငိုမဲ့မဲ့လေးဝင်လာခဲ့တယ်။ ဒီဆံပင်ခွေခွေလိပ်လိပ်တွေကသူ့သားစစ်စစ်ဖြစ်ကြောင်းသက်သေပြနေတယ်။ ရှောင်းကျန့်တို့မျိုးရိုးမှာဆံကောက်တွေမရှိဘူး။ ဝမ်ရိပေါ်အမေမှာသာ‌နဂိုကောက် ခွေခွေလိပ်လိပ်ဖြစ်နေတဲ့ဆံပင်တွေရှိတယ်။ ဒီကောင်ငယ်လေးကိုမြင်ရတိုင်းသူ့မားမားကိုမြင်နေရသလိုဘဲ။ သူ့မားရဲ့ generation‌ တွေကသူ့ဆီမှာမပါလာဘဲသူ့သားဆီမှာကပ်ပါလာပုံရတယ်။

သား..အင်းပေါ့။ ရှောင်းကျန့်ခိုးသွားတဲ့သူ့သား..။ ဝမ်ရိပေါ်အဲ့ညကိုပြန်စဉ်းစားမိတော့ရှောင်းကျန့်ကိုရိုက်သတ်ပစ်ချင်လာတယ်။

"ပါးပါးရော.."

"မင်းပါးပါးအလုပ်သွားပြီ"

"မနေ့ကပြောတော့မူကြိုလိုက်ပို့မယ်ဆိုပီး ဟင့် ဟင့် ဟီး"

ကောင်ငယ်လေးကသူ့အဖေကိုမတွေ့တော့နဂိုငိုချင်နေတာနဲ့တွေ့သွားကာမျက်ရည်တွေအလုံးလိုက်ကျဆင်းလာတယ်။ ဝမ်ရိပေါ်ကအကျီလက်ကိုတံတောင်ဆစ်အထိခေါက်တင်လိုက်ပြီးသူ့ရှေ့ကကောင်ငယ်လေးကိုကောက်ချီလိုက်တယ်။ သူ့သားကစားသမျှအသားခေါင်းရောက်သွားပုံပေါ်တယ်။ ဆံပင်အုပ်အုပ်နဲ့ခေါင်းကတစ်ကိုယ်လုံးထက်တောင်ကြီးချင်နေတယ်။ အဲ့ဒါဘဲ သူကလေးတွေကိုမကြိုက်တာ။ တစ်ခုခုဆိုငိုမယ်ဆိုတာချည်းဘဲ။ တကယ်ဆိုကလေးကနှစ်နှစ်ကျော်ဘဲရှိသေးတာကိုဝမ်ရိပေါ်မေ့ထားတယ်။

ရှောင်းကျန့်ရဲ့ခင်ပွန်းကိုကလူကျီစယ်ခြင်းနည်းလမ်းများ(COMPLETED)Where stories live. Discover now