Prologue

1.5K 117 42
                                    

Unicode

Hi! Tigerlilyပါဘဲ။ပထမဆုံး ဒီficကိုမဖတ်ရသေးခင် အရင် Home1ကို ဦးစွာဖတ်ဖို့
အကြံပြုပါတယ်။
အရေးအသားပိုင်းမှာ
လိုအပ်ချက်တွေရှိသလို၊
Update မြန်မြန်မပေးနိုင်ခြင်းတွေအပေါ်
နားလည်ပေးကြဖို့လည်း
မေတ္တာရပ်ခံပါတယ်။

စာဖတ်သူတစ်ယောက်ချင်းဆီတိုင်းကို
ကျေးဇူးတင်လျက်ပါ🤍
TigerLily507 🍓

______________။

သူမ ရှိခဲ့တုန်းကနှင့်ကွဲလွဲစွာ
ချောက်ကပ်ကပ်နဲ့မစိုပြေတော့သော
အိမ်ကြီးမှာ ဆည်းလည်းသံတွေအစား
ငိုရှိုက်သံတွေသာ ညတိုင်းကြီးစိုးတယ်။

နှင်းဆီပင်တွေကို ဂရုစိုက်ပေးမယ့်သူမရှိ
တော့တဲ့အခါ သူတို့ဘာသာကြိုးစားရှင်သန်နေကြရ ရင်း တစ်ခါတစ်ခါ သခင်ကို တမ်းတမိကြပါသေးသည်။အိမ်ဖြူကလေးလဲ
ပိုင်ရှင်မဲ့စွာ အထီးကျန်လျက်။

ကြောင်ကလေးသည်လည်း သခင့်အမိန့်အတိုင်း ထိုလူကို တဆိမ့်ဆိမ့်ကြည့်ရင်း
စောင့်‌ရှောက်ပေးသလို
သူ့မဖြစ်သလောက်
အားလေးနဲ့ ဘာများတတ်နိုင်မှာလဲလို့ မေးရင်
ကြောင်ကလေးသည် သခင်၏နောက်ဆုံးပွေ့ဖက်
နှုတ်ဆက်ခြင်းကို ရရှိခဲ့သူဆိုရင်ရော..
ထိုလူ သူ့အား ဆူအုံးမည်လော။
သဝန်တွေတိုပြီးရိုက်နှက်ရင်တော့
သခင်နဲ့ပြန်တိုင် ပစ်မည်။

ယခုထိုလူသည် ကုတင်ထက်၌ အိပ်မောကျ
နေပုံထောက်သည်။ဒါပေမဲ့ မသေချာဘူး..
ဘယ်အချိန် ထဖောက်ပြီး အခန်းထဲကို
ဆရာဝန်တွေ ရောက်လာကြအုံးမလဲဆိုတာ
နို့မွှေးလုံးလေး ဘီရိုပေါ်ကနေ ပျင်းကြောဆန့်
လျက် ထိုင်စောင့်နေသည်။

"‌မထားခဲ့ပါနဲ့!!!"

လှဲနေရာက ဝုန်းကနဲထလိုက်ပြီး
ချွေးစေးပြန်နေ‌ကာ ရင်ဘက်အစုံ
နိမ့်ချည် မြင့်ချည်ဖြင့်
လူသည် အိမ်မက်အား ထပ်ခါတလဲလဲ မြင်မက်နေဖူးပြီး ဖြစ်သည်တိုင် ယခုထိ
မရိုးနိုင်သေး။
အဖြစ်မှန်ကိုလဲ လက်မခံသေးပါ။

အိမ်မက်ထဲမှာ အိမ်သူလေးက နာကြဉ်းစွာ
ပြုံးပြရင်း ရေထဲကိုခုံချသွားတယ်။
တားလိုက်ချိန်တောင်မရ၊ နှုတ်ဆက်ခွင့်တောင် မပေးခဲ့ဘဲ ထွက်သွားသူကို
အမှောင်ထဲမှာ စမ်းတဝါးဝါးလိုက်ရှာနေမိတဲ့
အိမ်မက်သည် ၆နှစ်..၆နှစ်ရှိသွားပြီ။

Ⓗ︎Ⓞ︎Ⓜ︎Ⓔ︎{Sᴇᴀsᴏɴ2}Where stories live. Discover now