မလှုပ်မယှက် ငေးကြည့်နေမိသော မိုးရနံ့ပိုင်ရှင် alphaသည် ခရမ်းဆွဲရောင် မျက်ဝန်းများ ပွင့်လာသည်ကိုတော့ သတိမထားမိရှာပေ။ နဖူးတွင် စူးခနဲ နာကျင်သည့် ဒဏ် ဖြစ်လာသည့် အခါမှ သတိကပ်ကာ ကြည့်မိတော့ လာဗင်ဒါလေးသည် ကိုယ်လုံးကို ကျောက်ဆောင်နှင့် ကွယ်ကာ ခရမ်းဆွဲရောင် မျက်ဝန်းတို့ဖြင့် စူးဝါးစွာ ကြည့်၍ နေလေသည်။

ထို့အပြင် နားထင်သို့ စီးကျလာသည့် စေးပျစ်ပျစ်အရည်တို့ကြောင့် သိလိုက်ရပါတော့သည်။ လာဗင်ဒါလေးသည် သူ့ကို ကျောက်ခဲနှင့် ပေါက်လိုက်သည်ကိုး။

"ကျွတ်ကျွတ်...မင်း လက်သံပြောင်လှချည်လား လာဗင်ဒါရဲ့"

"ခင်ဗျား!! ကျုပ်ရေချိုးတာကို ဘာလို့ စိုက်ကြည့်နေတာလဲ နှာဘူးရဲ့! သေချင်နေပြီလား"

"ဟာ ကျုပ်အဲ့လိုသဘောနဲ့ ကြည့်တာမဟုတ်ရပါဘူး လာဗင်ဒါရယ်။ မင်းက အနားယူနေတဲ့ပုံပေါ်တော့ လှမ်းခေါ်ရမလား လှည့်ပဲ ပြန်သွားရမလား တွေးရင်းနဲ့ အဲ့လိုဖြစ်သွားတာပါ"

"တော်စမ်းပါ! ခင်ဗျား စကားကို ကျုပ်က ဘယ်လိုယုံရမှာလဲ!"

"မင်းအပေါ် မကောင်းတဲ့ အတွေးတွေရှိနေမှဖြင့် ပထမဆုံးရက်ကတည်းက အရယူပြီးပြီပေါ့ လာဗင်ဒါ။ သေချာစဥ်းစားကြည့်ပါဦး"

"တော်တော့ ခင်ဗျား!"

"ဟုတ်ကဲ့ အမိန့်အတိုင်းပါပဲဗျာ"

ထို့နောက် ထိုalphaက ကမ်းစပ်သို့ လျှောက်လာကာ ထိုင်ချလိုက်သည်မို့ လိုရမယ်ရ ကျောက်စရစ်ခဲအချို့ကို ထပ်၍ ကောက်ယူထားလိုက်သည်။ အရှင့်၏ ရုတ်တရက်ဆန်သော အပြုအမူကို မြင်ကာ ထိုalphaကလည်း နှစ်နှစ်ချိုက်ချိုက်ရယ်လေတော့သည်။

"လာဗင်ဒါရယ် မင်းနှယ်လည်း တကယ်ပါပဲ"

"ဘာလာလုပ်တာလဲ ဒီနားကို!"

စွာလိုက်တာဟု ကောက်ချက်ချကာ ခေါင်းကို ယမ်းလျက် ထိုalphaက ရေကန်ထဲမှ ရေအချို့ကို ခပ်ကာ မျက်နှာသစ်ပြီးမှ

"မင်းလက်ချက်ကြောင့် ပေါက်သွားတဲ့ နဖူးကို ရေဆေးသန့်စင်ရမယ်လေ လာဗင်ဒါ။ ပိုးဝင်သွားမှဖြင့် ကျုပ်စောစောစီးစီး သေရွာသွားနေရမှာပေါ့"

𝕸𝖔𝖓𝖆𝖗𝖈𝖍Where stories live. Discover now